Monday, December 30, 2013

Custard ကိတ်





Custard ကိတ်မုန့်လုပ်နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ မုန့်သားမွမွကို အလယ်က custard ယိုနဲ့ထာပနာထားတာကြောင့် အရသာလည်းရှိပါတယ်။

ပါဝင်ပစ္စည်းများ


  • ထောပတ် ၁၂၅ ဂရမ်
  • သကြား - 1/3 cup
  • ကြက်ဥ ၁ လုံး
  • Self raising Flour – ¾ cup
  • Custard powder – ½ cup
  • ဗနီလာ အနံ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နွားနို့ - စားပွဲဇွန်း ၂ ဇွန်း


Custard ယိုအတွက်

  • Custard powder – စားပွဲဇွန်း ၁ ဇွန်း
  • သကြား -စားပွဲဇွန်းတစ်ဇွန်း
  • နွားနို့ - 2/3 cup
  • ထောပတ် ၁၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ - လက်ဖက်ရည် ၁ ဇွန်း


ယိုအတွက် ထောပတ်နှင့် ဗနီလာ အနံ့မှလွဲ၍ ကျန်သောပစ္စည်းများအားလုံး ရောမွှေပါ။ ပျစ်လာသည်အထိ မွှေပါ။ ထို့နောက် မီးပိတ်ကာ ထောပတ်၊ ဗနီလာ အနံ့များရောမွှေကာ အအေးခံပါ


မုန့်ပြုလုပ်နည်း



  1. နွားနို့ နှင့် ဗနီလာ အမွှေးနံ့ကို သမအောင်ရောမွှေထားပါ။
  2. ထောပတ်နှင့် သကြားကို ဖြူပြီးပွလာသည်အထိ စက်ဖြင့်မွှေပါ။
  3. ကြက်ဥကိုလည်း ရောထည့်ကာ သမအောင်မွှေပါ။
  4. ဂျုံ ၂ မျိုးကိုရောပြီးစကာချကာ ထောပတ်၊သကြားအရောထဲထည့်မွှေပါ။(နွားနို့နှင့် ဂျုံကို တလှည့်စီထည့်ကာ သမအောင်မွှေပါ)။
  5. ထို့နောက် ဆီစိမ်စက္ကူခင်းထားသော ၇ လက်မအချင်းရှိဗန်းဝိုင်းတွင် မုန့်သားတစ်ဝက်ကို ထည့်ပါ။
  6. အအေးခံထားသော custard ယိုကို အလယ်တွင်ခင်းပါ။
  7. ထို့နောက် ကျန်သော မုန့်သားကို အပေါ်မှထပ်အုပ်ကာ မျက်နှာပြင် ညှိပြီး ၁၇၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် နာရီဝက်ဖုတ်ပေးပြီး အေးမှ သုံးဆောင်ပါ


2 comments:

Aunty Tint said...

နည်းပညာလေးအတွက် ကျေးဇူးပါ EVY ...
Happy New Year <3

မေတ္တာဖြင့်
တီတင့်

Unknown said...

အစ်မရဲ့မုန့်လုပ်နည်းတွေအမြဲအားပေးနေတယ်commentပြန်မရေးဖြစ်တာအပြင်မှာတောင်သူငယ်ခြင်းဖြစ်ခြင်တယ်အားလဲကျတယ်