Tuesday, July 31, 2012

ပျားရည်ဂျုံကြမ်းပေါင်မုန့်



ဒီတစ်ခါမှာတော့ ဂျုံကြမ်းပေါင်မုန့်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဂျုံကြမ်းပေါင်မုန့်က စားနေကျမဟုတ်ရင် အရသာတစ်မျိုးလို့ ထင်ရပေမယ့် အဲဒီပေါင်မုန့်ကို စွဲပြီးစားကြည့်လိုက်ရင် ပေါင်မုန့်အဖြူကို မစားချင်တော့ပါဘူး။ ဒါကတော့ ကိုယ်တွေ့ပါ။ အရသာပိုလေးပင်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ အဆာလဲပိုခံတဲ့အပြင် ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ဂျုံကြမ်းပေါင်မုန့်ဟာ မနက်စာထဲက မရှိမဖြစ်အစာတစ်ခုပါ။ အားလုံး အလုပ်သွားကြတဲ့သူတွေဆိုတော့ ပေါင်မုန့်နဲ့ ကွေကာအုပ်ကတော့ မရှိမဖြစ်ပါဘဲ။ ခါတိုင်းကတော့ ရိုးရိုးဂျုံကြမ်းပေါင်မုန့်ပဲ ၀ယ်စားပါတယ်။ ခုကိုယ့်ဘာသာကိုယ်လုပ်စားတယ်ဆိုတော့ အရသာလေးပိုရှိအောင် ပျားရည်တို့ နို့တို့ထည့်ပြီး အသင့်ရှိတဲ့ ကွေကာအုပ်တွေပါ အသုံးချလိုက်ပါတယ်။


Group (A)
·         ရေ ၂၃၀ မီလီလီတာ ကြက်သီးနွေးရေ
·         Yeast 5 gram
·         ပျားရည် ၂၅ မီလီလီတာ
·         ပေါင်မုန့်ဂျုံ ၂၃၀ ဂ၇မ်
Group (B)
·         ပျားရည် ၂၀မီလီလီတာ
·         နို့စိမ်း ၈ မီလီလီတာ
·         ဆား ၆ ဂရမ်
·         Whole meal flour  (ဂျုံကြမ်း) ၁၄၀ ဂရမ်
·         ထောပတ် ၁၅ ဂရမ်


ပြုလုပ်နည်း

  1. ပထမဆုံး အဖွဲ့ (A) ကိုအားလုံးရောမွှေပေးလိုက်ပါ။ အဖုံးအုပ်ပြီး  မိနစ်၄၀လောက် ပွလာအောင်စောင့်ပေးပါ။
  2. မိနစ်၄၀ကြာရင် ထောပတ်ကလွဲလို့ အဖွဲ့ (B) ကိုရောမွှေပေးပြီး နယ်ပေးပါ။ ၅ မိနစ်လောက်နယ်ပြီးရင် ထောပတ်ကိုရောမွှေပြီး ၂၅ မိနစ်လောက်ကြာအောင် နယ်ပေးပါ။
  3. ပြီးရင်တော့ ဇလုံထဲကို ပြန်ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ ၄၅မိနစ်လောက်ကြာရင် ၂ ဆလောက် ပွတက်လာပါလိမ့်မယ်။
  4. မုန့်သားကိုထုတ်ပြီးနောက်တစ်ကြိမ် ၃ မိနစ်လောက်နယ်ပေးပါ။ ပြီးရင် ဒလိမ့်တုံးနဲ့လှိမ့်ပြီး ပြန်လိပ်ပေးပါ။
  5. ထို့နောက် မုန့်ဖုတ်မယ့် ပုံစံခွက်လေးထဲထည့်ပြီး နောက်တစ်ကြိမ် ထပ်ပွလာအောင် စောင့်ပါ။ နာရီဝက်လောက်တော့ ကြာပါတယ်။
  6. မုန့်သားတွေပွလာပြီဆိုရင် ပျားရည်လေးနဲနဲဆမ်း၊ Oat ကြမ်းကိုဖြူးပေးပြီး ၁၆၀ ဒီဂရီအပူပေးထားတဲ့ အာဗင်မှာ ၄၃ မိနစ်ကင်ပေးရင်ရပါပြီ။
  7. အာဗင်မှထုတ်ထုတ်ချင်း ဗန်းကနေထုတ်ပြီး အအေးခံပေးပါ။
  8. လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ။
 
 

13 comments:

Anonymous said...

What is whole meal ,sis ?

Evy said...

wholemeal က ဂျုံကြမ်းကိုပြောတာပါ။ ရိုးရိုးဂျုံတွေက အခွံချွတ်တဲ့ chemical process ကို အခါခါလုပ်ခံထားရလို့ အဲလိုဖြူနေတာ။ http://evy-foodlover.blogspot.sg/2011/10/blog-post_07.html

zuzu said...

မ .. သက်တန်းမတတ်သေးဘဲ မရဲ့ မုန့်လုပ်နည်းတွေနဲ့ အရင်ဆုံး စမ်းလုပ်ကြည့်လိုက်အုံးမယ်။
မရဲ့စာအတွက် ကျေးဇူးနော်

Evy said...

ရပါတယ် ညီမရေ။ စမ်းကြည့်ပြီး မရှင်းတာရှိရင်လည်း မေးလို့ရပါတယ်။

Unknown said...

I bought FOOD Magazine yesterday after checking your blog.I wish to keep your cooking & baking as a hard copy.

Be your 140% fun.
:)

Evy said...

Thank you very much for your support :-), Cuite Devil

Tuumar said...

မီးမီးလေးကျောင်းပိတ်ရက်အိမ်စာတွေမများရင်လုပ်ခိုင်းအုံးမယ် ကျေးဇူးနော်သမီး

Anonymous said...

looks delicious :D
wanna try it :)

Anonymous said...

Like ur blog v much.... Everyday reader..

Evy said...

Thank you very much for your support. :-)

mstint said...

ဂျုံကြမ်းပေါင်မုန့် လုပ်နည်းလေးမှတ်သွားတယ် Evy ရေ။ ပျားရည်ကလည်း လူနဲ့တည့်တဲ့ ဆေးတစ်မျိုးပဲလေ။
လုပ်စားတဲ့နေ့ လက်တို့လိုက်မယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

thu ma said...

မုန့် မျိုးစုံလုပ်ထားတာ ချစ်စရာလေးတွေ။ အစ်မဆီကနည်းလေးတွေ ယူပြီး တစ်ချို့ မုန့် တွေ လုပ်ကြည့်တာ ရတယ်။ ကျေးဇူးအများကြီးတင်တယ်နော် အစ်မ :)))

Unknown said...

thanks a lot, will try it!!