Tuesday, July 24, 2012

Nutella Swiss Roll


ကိတ်မုန့်မတင်တာကြာပြီဆိုတော့ ကိတ်မုန့်ဘက်ကိုခဏအလှည့်ပေးပါမယ်။ ဒီတစ်ခါကိတ်မုန့်အတွက်တော့ အလွယ်တကူ ရနိုင်တဲ့ Nutella ချောကလက်ခရင်မ် ကိုသုံးပြီး Swiss Roll လေးကို စမ်းလုပ်ကြည့်ထားပါတယ်။ ချောကလက်ကြိုက်သူတွေ အကြိုက်တွေ့နိုင်မယ့်ကိတ်လေးပေါ့။ ကျွန်မကိုယ်တိုင်ကလည်း ချောကလက်နှစ်သက်သူဆိုတော့ မုန့်တွေတော်တော်များများကလည်း ချောကလက်ပါတာတွေများပါတယ်။ အရင်တုန်းကလည်း ချောကလက် SwissRoll တစ်ခါလုပ်ဖူးသေးတယ်။ အဲဒီတုန်းကတော့ မုန့်သားနဲနဲမာပြီး ချောကလက်ခရင်မ်က တခြားအမျိုအစားတစ်ခုကိုသုံးတာပါ။ ခုမုန့်လေးကတော့ မုန့်သားလေးနူးညံပြီး ချောချောမွတ်မွတ် Nutella ချောကလက်ခရင်မ် လေးနဲ့အရသာပိုရှိလို့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး (အကာအနှစ်ခွဲထားပါ)
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၄၀ ဂရမ်
  • ပွဆေး လက်ဖက်ရည် ဇွန်းထက်ဝက်
  • နို့ စားပွဲဇွန်း၁ဇွန်း
  • ထောပတ် ၂၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
  • ဗနီလာ အနံ့အနည်းငယ်

 
ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(အိမ်က ဗန်းက ၁၀လက်မ x ၁၀လက်မဗန်းပါ)
  1. ကြက်ဥအကာ ကိုအဖြူလေးတွေဖြစ်ပြီး ပွလာအောင် စက်နဲ့ မွှေပေးပါ။
  2. နောက်သကြားကိုထည့်ပြီး အဖြူလေးတွေတောင်တောင့်လေးဖြစ်လာအောင်မွှေပေးပါ။
  3. အဲလိုဖြစ်လာပြီဆိုမှ ကြက်ဥအနှစ်ကို တစ်လုံးချင်းစီထည့်ပြီး ရောမွှေပေးပါ။ ကြက်ဥနှစ်တစ်လုံးထည့်ပြီး သမအောင်တစ်ခါမွှေပါ။
  4. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ+ နို့ကိုရောမွှေပြီးထည့်ပေးပါ။ အနံ့အတွက် ဗနီလာ (လက်ဖက်ရည် ဇွန်း ထက်ဝက်)်ကိုထည့်ပြီး ရောမွှေပါ။
  6. ၁၆၀ ဒီဂရီမှာ ၁၀-၁၂မိနစ်ဖုတ်ရင်ရပါပြီ။ 
  7. ပြီးရင် ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ Nutella Chocolate Cream ထည့်ပြီးလိပ်ပေးပါ။
  8. ဒါဆိုရင်တော့ စားဖို့အသင့်ဖြစ်ပါပြီ။ ကျွန်မကတော့ ရေခဲသေတ္တာထဲကို ခဏထားပြီးမှစားရတာကို ပိုသဘောကျပါတယ်။

 

7 comments:

mstint said...

ဖတ်ရတာတော့ လွယ်သလိုလိုပဲ လက်တွေ့လုပ်ရင် EVY ရဲ့ ဆွစ်ရိုးကိတ်လေးလို လှပါ့မလားမသိဘူးး) နည်းလေးတွေ ယူသွားပြီနော် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော (အစိမ်းရောင်လင်ပြင်) said...

ကိတ်မုန့်တွေကို တအားကြိုက်တယ် Evy ရေ ဒါပေမဲ့ ကိုယ်တိုင် မလုပ်တတ်ဘူးရယ်
သူများလုပ်တာတွေကို အားကျငေးမောရင်း သွားရည်တွေ တမြားမြားပေါ့ ။

zuzu said...

ကိတ်မုန့်လုပ်တာ အရမ်းဝါသနာပါလို့
Envy ဆိုဒ်လေးကို ခဏခဏ၀င်ကြည့်ဖြစ်တယ်။
မုန့်ဖုတ်နည်းသင်တန်းတက်ဖို့ လုပ်နေလို့ စလုံးမှာဆို ဘယ်မှာတက်ရင် အဆင်ပြေမလဲဆိုတာ လမ်းညွှန်ပေးပါအုံးနော်

Evy said...

Hi ZuZu, အစ်မကို email လေးတစ်ချက်ပေးလို့ရမလား။ နည်းနည်းလေးရှင်းပြပေးချင်တာကြောင့် email နဲ့ပို့ပေးလိုက်မယ်

Cartoon said...

အမ ညီမပထမဆုံး swiss rollစမ်းဖုတ်ကြည့်တာပါ မု့န်သားကတော့ ဖြစ်တယ်အမ ဒါပေမဲ့ ဗန်းအရွယ်မတူလို့လား မသိဘူး ထူပြီးလိပ်လို့မရဘူး ကျိုးသွားတယ်။ပြီးတော့ စက္ကူမှာကပ်နေတယ် ခွာလို့မရဘူး သိပ်မကျက်သေးလို့လားအမ။ဘယ်လောက်အထူရှိရမလဲသိချင်လို့ပါ။ပြောပြပေးပါနော်။

Evy said...

ညီမရေ။ အစ်မကို ပုံပို့ပေးလို့ရမလား။ အစ်မထင်တာ မမှားရင် ကြက်ဥမွှေတုန်းမှာ ribbon like stage ကိုသေချာမရောက်ဘူးလို့ ထင်တယ်။

Cartoon said...

အဟီး :)ရိုက်ထားလိုက်မိဘူး ပုံပျက်သွားလားလို့ ဟို အလိပ်ကကျိုးပြီးလေးထောင့် အပြား၎ပြားလောက်အထပ်ဖြစ်သွားတယ် :P
နောက်တခါထပ်လုပ်ကြည့်ပြီးရင် ဓါတ်ပုံရိုက်ပြီး အစ်မကိုပြန်ပြမယ်နော်။ဒီတခါသေချာလုပ်ကြည့်မယ် :) ကျေးဇူးတင်ပါတယ်အမဖြေပေးလို့။