*************************************************************************
ငယ်ငယ်တုန်းက ဟင်းချက်ရမှာကို ၀ါသနာမပါတဲ့ကျွန်မဟာ အခုလိုမုန့်ဖုတ်တာကို ၀ါသနာကြီးသူ၊ ဟင်းအဆန်းတွေကိုစမ်းချက်ရမှာ စိတ်ဝင်စားသူဖြစ်လာတာကို ဆွေမျိုးတွေသူငယ်ချင်းတွေ မျက်စေ့လည်ကုန်ပါတယ်။
အမှန်တကယ်လည်း ကျွန်မဟာ ငယ်ငယ်တုန်းကဟင်းချက်တာတွေကို စိတ်မ၀င်စားခဲ့သလို အမေတို့အလုပ်သိပ်ပိုတာပဲလို့ ထင်ခဲ့မိပါတယ်။
လူကြီးတွေစားဖို့ ထမင်းဝိုင်းပြင်ရရင် ပန်းကန်တွေနဲ့သေချာတစ်ခွက်ချင်း
အမေတို့က ဟင်းလေးဘာလေးချက်ခိုင်းရင် အမေတို့ဟင်းကြီးတွေက ရိုးနေပြီ ပျင်းစရာကြီးဆိုပြီး ချက်ခိုင်းလို့မရပါဘူး။ ဆီပူစင်မှာကလည်း ကြောက်သေးတယ်။ ဆီပူပူထဲ ကြက်သွန်ထောင်းတာတွေထည့်ပြီး ခုန်ရှောင်တဲ့အချိန်တွေကို မှတ်မိပါသေးတယ်။
အဲဒီအချိန်တုန်းက တကယ်လည်းအဲဒီဟင်းတွေကို မချက်ချင်ခဲ့တာပါ။ နောက် ၁၀ တန်းလား ၉ တန်းလားမမှတ်မိတော့ဘူး ကျောင်းပိတ်တုန်းမှာ အမေကဟင်းချက်သင်စေချင်ပါတယ်။ ဒါပေမယ့် ပုံမှန်ဟင်းတွေချက်ရမှာကို ပျင်းတဲ့ကျွန်မ အမေ့ဟင်းတွေကရိုးတယ်ဆိုပြီးအြေ
စာအုပ်ဝယ်ရလာတော့ ချက်ရတော့မယ်။ ဘာအခြေခံမှ မသိဘဲ ကျွန်မရွေးလိုက်တဲ့ဟင်းက ကြက်ဥကို ၀က်သားနဲ့အစာသွပ်ထားတဲ့ဟင်း ။(ငယ်ငယ်တည်းက ဟင်းအဆန်းချက်ချင်တာ အဲလိုဇကလေး ပါလာတာနော်) အမေ့ကိုလည်း အမေဒီနေ့ သမီးဟင်းချက်မယ်ဆိုပြီးပြောလို
အမေတို့များ သူ့သမီးကို အဲလိုတစ်ထစ်ချယုံကြည့်လိုက်တော့
"ရတယ်မေမေ မချက်နဲ့" ဆိုပြီး အာမခံချက်ပေးလိုက်ပါတယ်။
အဖေ့ကိုလည်း အဖေသမီးဟင်းချက်မလို့ ဟင်းအဆန်းဆိုပြီး ဘာမှမလုပ်ရသေးခင်ကတည်းက ကြွားနေတာ။
လူကဟင်းသာမချက်ဖူးတာ ရွေးလိုက်တဲ့ဟင်းက အဲလိုအဆင့်ခပ်များများနဲ့ တစ်ခါမှမလုပ်ဖူးတဲ့ဟင်း။ အဲဒီအချိန်တုန်းကလည်း သေသေချာချာလုပ်တတ်တာဆိုလို့ ကြက်ဥကြော်ပဲရှိတာ။ ဒါပေမယ့်လည်း စိတ်ကတော့နည်းနည်းလေးမှမလျော့ဘူ
ဈေးက၀ယ်လာတဲ့ ၀က်သားကို အိမ်မှာကူတဲ့အဒေါ်ကြီးက စဉ်းပေးထားတာအသင့်၊ ကြက်သွန်၊ ကြက်ဥ အလည်းအသင့်ပြင်လို့ပေါ့။
ကဲစချက်ပါပြီ။ ၀က်သားကို ပဲငံပျာရည် ဘယ်လောက်၊ အချိုမှုန့်ဘယ်လောက် အထိတော့ဟုတ်နေသေးတယ်။ ဟင်းချက်နေတာ စာအုပ်ကိုကြည့်ကြည့်ပြီးချက်ေ
သေချာမသိတော့ ဟုတ်လောက်တယ် ထင်တယ်ဆိုပြီး ကောက်ထည့်ပြီး အပီအပြင်ရောနယ်။ ကြက်ဥကိုခေါက်ကြော် ၀က်သားအရောကိုထည့်နဲ့ dumpling လေးလိုလုပ်နဲ့ဟုတ်နေတာ။ အားလုံးချောချောမောမော ပြီးသွားလို့ ၀မ်းသာလိုက်တာပြောမနေနဲ့ပေါ့။
နောက်ထမင်းစားချိန်ရောက်တော့ မိသားစုအတူထမင်းစားတော့ အဖေကကျွန်မချက်တယ်ဆိုတဲ့ ဟင်းကိုကြည့်ပြီးပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့လေ။
ကျွန်ကလည်း ပီတိအပြည့်နဲ့ ဟင်းကိုလူကြီးတွေ ဦးချပြီး ကောက်မြည်းလိုက်ချိန်မှာ အမလေး ငံလိုက်တာတူးနေတာပါပဲ။
ဘယ်လိုမှကိုဆက်စားလို့မရအောင်ပဲ ၂ လုတ်လားပဲစားပြီး ကျန်တာတွေကို လုံးဝဆက်မစားနိုင်တော့တာပါ။
အဲဒါနဲ့ အမေက "သမီးဆားဘယ်နှဇွန်းထည့်တုန်း"ဆိ
ဘာနဲ့ ၂ ဇွန်းတုန်းဆိုတော့ သူက လက်ဖက်ရည်ဇွန်း ၂ ဇွန်းဆိုတာကို လက်ဖက်ရည်ဇွန်းနဲ့ စားပွဲဇွန်းမကွဲတဲ့ကျွန်မက ထမင်းစားတဲ့ဇွန်းကြီးနဲ့ ၂ ဇွန်း အားရပါးရကိုထည့်လိုက်တာပါ။
အဲဒီတော့ မငံပဲနေမလားနော်။ လူကြီးတွေက ကျွန်မစကားလဲကြားရော ငိုအားထက်ရယ်အားသန်ဆိုသလိုပါပဲ။
အဖေကတော့ နဲနဲလေးပဲ လေးတာပါဆိုပြီး ၂ ခုတိတိကုန်အောင် အားပေးရှာတာ အမှတ်တရပါပဲ။
ဒီလိုနဲ့ ၁၀ တန်းပြီး စင်္ကာပူရောက်လာတဲ့အထိ ဖြစ်ဖြစ်မြောက်မြောက် ဘာဟင်းမှကို မချက်ဖြစ်ပါဘူး။ ချက်ရင်လဲ အဆင်သိပ်မပြေတာက များပါတယ်။
နောက်တော့ အမေပါ လိုက်လာပြီး ဒီမှာနေတော့ ပိုဆိုးတော့တာပေါ့နော်။ ကျွန်မကရဲ့ အကြောင်းပြချက်ကလည်း ချက်နေကျဟင်းတွေဆိုရင် မချက်ချင်ပါဆိုပြီးတော့လေ။ တကယ်တမ်းကျတော့ အဲဒါတွေဟာ အခြေခံတွေမို့ မတတ်မဖြစ်တတ်မှ အဆင်ပြေမှာ။ ဒါပေမယ့်လည်း အဲဒီအချိန်ကတော့ ၁၀တန်းအောင်ခါစထက်တော့ အနည်းငယ်သာနေပါပြီ။ အမေ မလိုက်လာခင်တုန်းက ငတ်တော့ ကိုယ့်ဘာသာကိုယ်လျောက်လုပ်ရင်း အမှားလေးတွေကို သတိထားမိပြီလေ။ နောက် အိမ်ထောင်ကျပြီးနောက် ဟင်းချက်နည်းလေးတွေ ပိုလေ့လာဖြစ်လာတယ်။ ကိုယ့်ယောက်ျားကို ကိုယ်ချက်တဲ့ ဟင်းလေးတွေ ကျွေးချင်တာကိုးနော်။ ပြီးတော့ စားလို့ကောင်းတယ်ဆိုတဲ့ ချီးမွမ်းချက်ကလေးတွေ ကြားရရင် ပျော်တတ်လာပြီ။
တကယ်တမ်း ဟင်းချက်ဘလော့တွေကို စပြီးမိတ်ဆက်ခဲ့ပေးတဲ့သူကတော့ ကျွန်မအမျိုးသားပါဘဲ။ သူက အဲဒီအချိန်လောက်မှာမှ (၂၀၀၈ အကုန်) ဘလော့တွေအကြောင်းသိလာတယ်။
အဲဒါနဲ့အတူ သူကိုယ်တိုင် ဘလော့တစ်ခု ဖန်တီးပြီး သူ့ဓာတ်ပုံတွေကို စပြီးမျှဝေစပြုတယ် ( သူက ရှုခင်းပုံတွေသာ ရိုက်တဲ့ အပျော်တမ်း ဓာတ်ပုံဆရာပါ) ဘာကိုလုပ်လုပ် ဇွဲနပဲနဲ့လုပ်တတ်တဲ့သူဟာ ဒီဘလော့ကိုလည်း သူလိုချင်တဲ့ ပုံစံရအောင် ကလိတော့တာပါဘဲ။ အားတိုင်း ကွန်ပြူတာရှေ့မှာပဲ ဆိုတော့ ကျွန်မက ငြူငြူစူစူနဲ့ပေါ့။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ကျွန်မကလည်း သူ့ဘလော့ကနေတဆင့်တဆင့် ၀င်ဖတ်ရင်း ဟင်းချက်တဲ့ ဘလော့တွေဆီရောက်သွားပါတယ်။ ဟင်းတွေထပ်နေတဲ့ အိမ်မှာ ဟင်းချက်ဘလော့တွေက ကျွန်မအတွက်တော့ တကယ့်ကိုအားကိုးစရာပါပဲ။ ကျွန်မရဲ့ ဘလော့သက်တမ်းဟာ မမလု၊ မိုးကောင်းသူ၊ စုဘူးအိမ်၊ စန္ဒကူး တို့နဲ့စခဲ့ပါတယ်။ အားလုံးဟာ ကျွန်မရဲ့ သင်ဆရာ မြင်ဆရာတွေချည်းပါပဲ။
အဲဒါတွေကို ၀င်ဖတ်ရင်းနဲ့ ကျွန်မလည်း ဘလော့တစ်ခု ဖန်တီးချင်စိတ်ပေါ်လာတယ်။ ကျွန်မကလည်း မုန့်ဖုတ်တာ ၀ါသနာပါတော့ လုပ်နည်းလေးတွေကို မျှဝေပေးချင်စိတ်ပေါ်လာတယ်။ တပြိုက်နက်ထည်းမှာပဲ မမို (လမင်းမိုမို) ရဲ့ အိမ်ရှင်မလက်ရာမှာလည်း တင်ဖြစ်တာနဲ့အတူ ထမင်းချက်နည်းကို မျှဝေပေးတဲ့ သူငယ်ချင်းတွေ နဲ့ အသိုင်းအ၀ိုင်းလေးတစ်ခု ဖြစ်လာတော့ ဘလော့လေး လုပ်ချင်တဲ့ စိတ်က ပိုပြီးပြင်းပြလာတယ်။ အဲဒါနဲ့ပဲ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ဘလော့တစ်ခုလုပ်ဖြစ်တယ် ။ မုန့်ဖုတ်တာ၊ ဘလော့ရေးတာနဲ့ အိမ်ရှင်မလက်ရာက အသိုင်းအ၀ိုင်းလေး ဖြစ်လာက တစ်ပြိုက်နက်ထဲလောက်ပြောလို့
အဲဒါနဲ့ ဘလော့တစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်ဖြစ်တယ်။ တကယ့်ကို ခိုးကြောင်ခိုးဝှက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်မအမျိုးသား ဘလော့ရေးတုန်းက အသားကုန်ဆူပွက်ထားတော့ တကယ်လဲ ကိုယ်ဘလော့လုပ်ရော သူ့ကိုဘယ်ပြောရဲမလဲနော်။ နောက်ဆုံးတော့လည်း နောက် ၅လအကြာမှ သူသိသွားခဲ့ပါတယ်။ အဲဒီတော့မှ ကျွန်မကို သူနောက်လို့ မဆုံးဖြစ်တော့တာ ဒီနေ့အထိပါပဲ။ သူက အပင်ပန်းခံ အငြိုအငြင်ခံပြီး လုပ်ထားရတဲ့လမ်းမှာ ကျွန်မဖြောင့်ဖြုးနေလိုက်တာဆြို
ခုတော့ ဘလော့သက်တမ်း ၃ နှစ်ရလာတာနဲ့အတူ စခဲ့တဲ့လမ်းကိုပြန်မျှော်ကြည့်
ခင်မင်စွာဖြင့်
Evy
16 comments:
အမြဲအားပေးနေပါတယ်။အသစ်အသစ်လေးတွေကိုလဲမြော်
နေပါတယ်။Evyလဲပျော်ရွှင်ချမ်းမြေ.စွာဖြင့်ဘလော့တွေ
များများရေးနိုင်ပါစေ။
ကိတ်မုန့် ဖုတ်တာ အရမ်းတော်တယ် မမ ရေ .. ချိုတို့ အများကြီးကြိုးစားရအုံးမယ်
ဘလော့သက်တမ်း ၃-နှစ်မှ နှစ်ပေါင်းများစွာ စာဖတ်သူတို့အတွက် စာကောင်းပေကောင်းတွေ ဆက်လက်ဖြန့်ဝေနိုင်ပါစေနော်။
Evy ရဲ့လက်ရာလေးတွေ အမြဲအားပေးလျှက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမဘလော့ဖြစ်ပေါ်လာပုံလေးက စိတ်ဝင်စားစရာလေးနော်
Congratulation မ ဒီ့ထက်မက အောင်မြင်ပါစေလို့
ခင်တဲ့
Candy
Evy..
အမြဲအားပေးနေမယ်နော်။း)
အိုင်အိုရာ
Happy Birthday Blog !!
နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒီထက်ပိုပြီး ဟင်းဆန်းဆန်းလေးတွေ၊ မုန့်ဆန်းဆန်းလေးတွေကို မျှဝေနိုင်ပါစေလို့..
အစဉ်အားပေးလျှက်
ညီမ
baby angle
Congratulation! Evy
"Happy Anniversity "
PPS :)
၃ နှစ်မှသည်နှစ်ပေါင်းများစွာ အောင်မြင်မှုတွေဆထက်တိုးပါစေ အိရေ...food magazine ထဲက အိရဲ့ဆောင်းပါးတွေ အရမ်းသဘောကျတယ် Happy Anniversary
သမီးရေ
ကိတ်မုန့်လေးတွေကြည့်ပြီးအရမ်းသဘောကျနေတယ်
တီမာ့သမီးလေးကိုလဲ သမီးလိုမုန့်လှလှ ဟင်းလှလှလေးတွေလုပ်တတ် ချက်တတ်စေချင်တယ်
အတုယူစရာသမီးလေးအိကို အိမ်ကသမီးလေးကိုနမူနာယူခိုင်းရမယ် ...
မရဲ့ဘလော့စတင်ပုံလေး လာဖတ်သွားတယ်။
၃နှစ်မြောက်မှစ၍ ဆထက်တိုးအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Evy ရေ
၃ နှစ်တောင် ပြည့်သွားပြီလား၊ Congratulations နော်။ Evy ရဲ့ ဘလောဂ်လေး နောင် နှစ်ပေါင်း ၁၂၀ ဆက်လက် ရှင်သန်ပါစေ။
ကိတ်မုန်.ကလေးကတော့ တကယ့် စားချင်စဖွယ်ပါဘဲ ရှလွတ် ... :)
မအိရေ...သုံးနှစ်ပြည့် ဘလော့လေးအတွက် ဂုဏ်ယူ ပါတယ်။ နောက်ထပ်လည်း ဟင်းချက်နည်းအသစ် အဆန်းလေးတွေ၊ ကိတ်မုန့်ဖုတ်နည်းလေးတွေကို ဆက်လက် ဝေမျှပေးပါဦးလို့...
အမြဲအားပေးနေတဲ့
မြဝတီဇော်
အမြဲအားပေးနေပါတယ်အမ... နောင်နှစ်ပေါင်းများစွာအထိ ဘလော့ပေါ်မျာရော စာအုပ်မှာပါ မုန့်လုပ်နည်း ဟင်းချက်နည်းများကို အဆက်မပြတ် ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ..။ ကိုယ်ကအစားအသောက်ခုံမင်သူ အချက်အပြုတ်ဝါသနာပါသူပီပီ ဘလော့စဖွင့်တာနဲ့ စားဖိုမှူးဘလော့ဂါတွေအိမ်ကို အရင်ဦးဆုံးဝင်ဖတ်မိတာပဲ..။ Food Magazine ကိုလည်း လစဉ်ဝယ်ဖတ်ဖြစ်တယ်...။ မုန့်ကိုခုထိ ကွကိုယ်မလုပ်ဖြစ်သေးဘူး အမနဲ့နီးရင်သိပ်ကောင်းမှာ လာသင်ချင်တယ်..။
ဘလော့ဂ်သက်တမ်း ၃ နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ဘလော့ဂင်ရင်း ပျော်ရွှင်နိုင်ပါစေ ညီမလေးရေ..
ဒါနဲ့ မမက ညီမလေးကို အိမ်ထောင်သည်လို့ မထင်ခဲ့ဘူး...အပျိုလေးလို့ ထင်ခဲ့တာလေ.. ခုဖတ်ရမှ သိတော့တယ်။ :)
:D :D မမ၀ါသိတယ်ထင်လို့
Sis not only cooking good but also writing...you are really great...
Post a Comment