Saturday, September 15, 2012

ခရင်မ်နဲ့ နှင်းဆီပန်းပုံဖော်ကြမယ်

ဟိုတစ်လောက မွေးနေ့ကိတ်မှာသုံးတဲ့ နှင်းဆီပန်းပုံလေးတွေ ဘယ်လိုလုပ်တယ်ဆိုတာကို ဒီပို့စ်မှာ လုပ်ပြပေးထားပါတယ်။ ဗီဒီယိုရိုက်ထားတာကနေ ပြန်ပြီး ဓာတ်ပုံရိုက်ရတော့ ပုံလေးတွေနဲနဲဝါးနေတာသည်းခံပေးကြပါနော်။

ပထမဆုံး star nozzle ကို သုံးပြီါ် အလယ်ကနေစပြီး ပုံဖော်ပါတယ်။  ခရင်မ်ကို ညှစ်ချပြီး လက်ဝဲယစ်စပြီးရစ်ပေးပါ
တောက်လျောက် လက်ဝဲရစ်ဆက်ညှစ်ပေးပါ။
တစ်ပတ်ပြည့်ပြီး ပုံပါ အနေအထားလောက်ရောက်ရင် ခရင်မ်ညှစ်တာကိုအဆုံးသတ်ပေးပါ။

ဒါဆိုရင်တော့ မုန့်ပေါ်အလှဆင်ဖို့ အသင့်ဖြစ်ပါပြီ။ ကိတ်ပေါ်မှာ အလှမဆင်ခင်မှာ အရင်လေ့ကျင့်ကြည့်ပြီး သေချာစိတ်တိုင်းကျပြီဆိုမှ ကိတ်မုန့်ပေါ်မှာ ပန်းပုံဖော်ပါ။

2 comments:

Anonymous said...

so clever, EVY :)

see all ur baking and those r really very nice and looks delicious...i also want to start baking :P
but don't know how to start :(

PPS :)

Tuumar said...

မုန့်လုပ်တာလေးတွေတွေ့တိုင်း သမီးလေးကိုခေါ်ခေါ်ပြထားတယ် သမီးရေ
သူကအဲဒါမျိုးလေးတွေဝါသနာပါတယ်လေ