Wednesday, October 24, 2012

သခွားသီးထောင်း

ယိုးဒယားစာလေးတွေလုပ်ပါဦးလို့တောင်းဆိုထားတဲ့ စာဖတ်သူများအတွက် ယိုးဒယားသခွားသီးထောင်းလေးလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ ယိုးဒယားသင်္ဘောသီးထောင်းကို နှစ်သက်လို့ ယိုးဒယားဆိုင်သွားတိုင် မှာစားဖြစ်ပါတယ်။  ဒီလိုသခွားသီးကိုထောင်းတော့ တစ်ခါမှမှာမစားဖူးပါဘူး။ ကျွန်မတို့အိမ်မှာတော့ သခွားသီးသုပ်ဆိုရင် ငါးပြုပ်ကလေးနဲ့ အချိုပဲသုပ်ဖြစ်တော့ ခုလိုသခွားသီးထောင်းကတော့ နဲနဲအသစ်အဆန်းဖြစ်နေတာပေါ့။ အရသာကတော့ သင်္ဘောသီးထောင်းအရသာအတိုင်း ချိုချို ချဉ်ချဉ်စပ်စပ်ကလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ ဗမာပါးစပ်နဲ့ အဆင်ပြေနိုင်သော ဟင်းတစ်ခွက်ပါပဲ။ လုပ်နည်းကိုတော့ မမဘေဘီ (ခုတော့ ဘလော့ကနေပျောက်နေတာအတော်ကြာပါပြီ) ဆီကနေမီငြမ်းပါတယ်။ လုပ်နည်းလေးကို ပြန်ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • သခွားသီးအကြီး ၁ လုံး (အူတိုင်ချန်ပြီး အမျှင်တွေခြစ်ထား)
  • မုန်လာဥနီအနည်းငယ် (အမျှင်လေးတွေခြစ်ထားပါ)
  • ဗမာထန်းလျက် အသေး၂ခဲ
  • ခရမ်းချဉ်သီး (cherry tomato 5 လုံး)
  • သံပုရာသီး ၁လုံး (အစိတ်တွေစိတ်ထားပါ)
  • ငရုပ်သီး၎ တောင့် (အစပ်မစားနိုင်ရင်လျော့ထည့်ပါ)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • မြေပဲဆံ အနည်းငယ်
  • ပုဇွန်ခြောက်အနည်းငယ်

ပြုလုပ်နည်း
  1. ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုပ်သီးများကို အရင်ထောင်းပါ
  2. ပြီးရင် သံပုရာသီး၊ မုန်လာဥနီ နဲ့ ခရမ်းချဉ်သီးများကို ထည့်ထောင်းပါ
  3. နောက်ထန်းလျက်နဲ့ မြေပဲဆံများကိုလည်းထည့်ထောင်းပေးပါ။
  4. နောက်ဆုံးမှသခွားသီးကို ခပ်ဖွဖွထောင်းပေးပါ။
  5. ငံပျာရည်လည်းထည့်မွှေပြီး အပေါ့အငံကို စိတ်ကြိုက်ထည့်ပါ။
  6. ဒါဆိုရင်တော့ စားလို့ကောင်းတဲ့ သခွားသီးထောင်း အသင့်ဖြစ်ပါပြီ။



8 comments:

Thamee Su said...

သခွားသီးထောင်းကို အရမ်းကြိုက်တယ် မအိရေ စုထောင်းတာ မုန်လာဥနီမပါဘူး နောက်တခါမုန်လာဥနီပါထည့်စားရမယ် မရေ ကျေးဇူးတင်ပါတယ်

Candy said...

လွယ်တယ်နော် မမ.. လုပ်စားကြည့်ဦးမယ် :D

Unknown said...

Look so good !

မြတ်မွန် said...

စားချင်စရာလေး ဓာတ်ပုံလေးတွေကလည်း လှတယ်။

Cameron said...

သဘောင်္သီးထောင်းကြိုက်တော့ သခွားသီးထောင်းလဲကြိုက်တယ်...။

BabyAngle said...

သဘောင်္သီးရှောင်ထားတာနဲ့အတော်ပဲ သခွားသီးလေးထောင်းစားအုံးမယ်.. နည်းနည်းမြည်းသွားတယ်နော်အမ..

ချော(အစိမ်းရောင်လွင်ပြင်) said...

လုပ်ထားတာလည်းကောင်း ဓာတ်ပုံလေးကလည်းလှတော့ တကယ်ကို သွားရည်ယိုချင်စရာလေးပါလားနော်..
စာဖတ်ရင်း သွားရည်တွေယိုလာမိတယ်တော့

Tuumar said...

သခွားသီးထောင်းလေးတွေ့တော့ ခံတွင်းတော်တော်ကောင်းလာပြီဆိုတာ သိလိုက်ရတယ်
နောက်နေ့ လုပ်စားကြည့်အုံးမယ်