Saturday, December 29, 2012

ချက်စားဖြစ်တဲ့ ဗမာစာလေးများ


ဒါလေးတွေကတော့ ချက်စားဖြစ်တဲ့ ဗမာဟင်းလေးတွေပါ။ တစ်ခါတစ်လေတော့လည်း ဟင်းအဆန်းတွေချက်ဖြစ်သလို တစ်ခါတစ်လေတော့လည်း ရိုးရိုးလေးတွေပေါ့နော်။ ကျွန်မမြန်မာဟင်းခွက်တွေ ဆက်တိုက်ချက်ပြီဆိုရင် အိမ်သားတွေလည်း သိပါပြီ။ ဒါဒီလအတွက် လုပ်စရာရှိသော ဟင်းခွက်များပြီးသွားလို့ သူအေးအေးဆေးဆေးဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ :D

ခုနောက်ပိုင်းတော့ ဗမာဟင်းလေးတွေလဲ ဓာတ်ပုံရိုက်ပြီး fan page မှာတင်ဖြစ်တာ များပါတယ်။ ရိုးရိုးဆန်းဆန်း ၂ မျိုးလုံးကို ပုံလေးတွေလည်း ကြည့်ရအောင်လို့ပါ။ ခုလည်းဘလော့က သူငယ်ချင်းများ အတွက် မြန်မာဟင်းခွက်လေးတွေကိုလည်း မျှဝေလိုက်ပါတယ်။

ဒီဟင်းလေးတွေက ရေခဲသေတ္တာထဲမှာ ရှိသမျှပစ္စည်းတွေကို စုပုံရှင်းထားတဲ့ဟင်းလေးတွေပေါ့။ နေ့လည်စာ ခရုဆီပြန်၊ ပဲသီးကြက်ဥကြော်၊ ခရမ်းသီးမီးဖုတ်သုပ် နဲ့ ဘူးသီးမုန်လာချဉ်ရေ။

ခရုဆီပြန်၊ ခရုလေးတွေကို ရေးဆေးပြီးစစ်ထား၊ ကြက်သွန်ဖြူ ၅ မွှာနဲ့ ငရုပ်သီးအနီ ၃ တောင့်ကို ရောထောင်း၊ ကြက်သွန်နီ ၁ ဥကို ပါးပါးလှီးပြီးထည့်ထောင်း။ အဲဒါတွေကို ဆီမျာများနဲ့သတ်။ ကြက်သွန်နွမ်းရင် အရောင်တင် နဲနဲ နဲ့ ခရမ်းချဉ်သီး ၁ လုံး (သေးသေးလှီး) ထည့် ပြီး ခရမ်းချဉ်သီးညက်စပြုရင် ခရုလေးတွေထည့်၊ ငရုပ်သီးထည့် ဆားအချို့မှုန့်ထည့်ပြီး ရေလေးနဲနဲလေးထည့်ပြီး ဆီပြန်ရင်ရပါပြီ
ခရမ်းသီးကို ၂၂၀ ဒီဂရီအာဗင်မှာ နာရီဝက်မီးဖုတ်ပြီး ရလာတဲ့အသားကို ဆီ၊ကြက်သွန်စိမ်း၊ ဆားနဲ့ရောနယ်သုပ်ထားတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။

3 comments:

Aunty Oo said...

ခရုချက်လေးကစားကောင်းမဲ့ပုံဘဲ။အဲလိုချက်စားရမှန်းမသိ
ဘူး။ချက်စားကြည့်အုံးမယ်။ကျေးဇူးဘဲနော်။

သီရိရတနာ said...

Yummy! My mouth is watering just looking at this picture!

May this new year all your dreams turn into reality and all your efforts into great achievements.



°o o°
__o°__
|HappY|
| New |
\\Year/
\\__/
__||__

MK said...

Eve ရေ ဘလော့ဂ်ကို မရောက်တာကြာသွားလို. အခု လာလည်ပြီး ငတ်ကြီးကျသွားပါတယ် လို.