Tuesday, March 12, 2013

ပင်စိမ်းကြက်ကြော် အစပ်


ကြက်သားကို ရိုးရိုးချက်ရမှာ ပျင်းတာနဲ့ ကြော်ပြီး ပင်စိမ်းရွက်နဲ့ ပြန်ချက်ထားတာပါ။ အရသာတစ်မျိုးထူးပြီး စားလို့ကောင်းတာကြောင့် ချက်နည်းလေးကို ပြန်ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်သား ၂ ခု - အတုံးသေးသေးတုံးပေးပါ။
  • ပင်စိမ်းရွက်အနည်းငယ်
  • တရုပ်ပဲငါးပိအစပ် (စားပွဲဇွန်း ၁ ဇွန်း)
  • ခရုဆီ (စားပွဲဇွန်း ၁ ဇွန်းခွဲ)
  • သကြား (လက်ဖက်ရည် ၁ ဇွန်း)
  • ကြက်သွန်ဖြူ၊ချင်း အနည်းငယ်

ချက်ပြုတ်နည်း

  1. ပထမဆုံးကြက်သားကို ဆား၊အချိုမှုန့်နဲ့နယ်ပြီး အရသာဝင်အောင် နာရီဝက်ခန့်ထားပေးပါ။
  2. နောက် အကြော်မှုန့်နဲ့လူးပြီး ဆီပူပူမှာကြော်ပေးပြီး ဆီစစ်ထားပေးပါ။
  3. ဆီစားပွဲဇွန်း ၁ဇွန်းခွဲ ကိုပူအောင်တည်ပြီး ကြက်သွန်ဖြူ၊ ချင်းကိုမွှေးအောင်ကြော်ပေးပါ
  4. တရုပ်ပဲငါးပိအစပ် (စားပွဲဇွန်း ၁ ဇွန်း)ခရုဆီ (စားပွဲဇွန်း ၁ ဇွန်းခွဲ)  နဲ့ သကြား (လက်ဖက်ရည် ၁ ဇွန်း)ကိုထည့်မွှေပေးပြီး ကြော်ထားသော ကြက်သားများ ထည့်မွှေပါ
  5. ပင်စိမ်းရွက်ကိုလည်း ထည့်ကြော်ပေးပြီး ၁ မိနစ်လောက်နေရင် ကော်ရည် (ပြောင်းဖူးမှုန့် လက်ဖက်ရည် ၁ ဇွန်း + ရေ စားပွဲဇွန်း ၁ ဇွန်းခွဲ) ကိုထည့်ပေးပါ
  6. ကော်ရည်ပျစ်လာရင် ရပါပြီ







No comments: