စားလို့သိပ်ကောင်းတဲ့
တရုပ်ဟင်းပွဲတစ်ပွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပုံမှန်က အာလူးကတ်တလိတ်ဆိုရင်
အာလူးထဲကို ကြက်သားအစာသွပ်တာပေါ့။ ခုဟာက ကြက်သားထဲကို ချေထားတဲ့ အာလူးကို ပြန်ပြီး
အစာသွပ်ထားတာပါ။ တရုပ်ဝိုင်၊ ခရုဆီတို့နဲ့ နှပ်ထားတာကြောင့်လည်းအ ရသာရှိလှပါတယ်။ ဒါ့အပြင်
ဟင်းသီးဟင်းရွက်တွေအများကြီးပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မှာကတော့ အထူးပြောဖွယ်ရာမရှိပါဘူး။
လုပ်နည်းလေးကို
ကြည့်ကြရအောင်
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား ၂ ခု (နုတ်နုတ်စဉ်းထား)
- မုန်ညှင်းဖြူ ၃ ပင် (တစ်ဝက်စီဝက်ထားပါ)
- ရိုးရိုးမုန်ညှင်း ၃ ပင်
- အာလူးအလတ် ၄ လုံး (ပြုတ်ပြီး ချေကာ ဆားလက်ဖက်ရည် ဇွန်း တစ်ဝက် ၊ ငရုပ်ကောင်းနှင့်ရောထားပါ)
- ကြက်သွန်မိတ် ၁ ပင် (ပါးပါးလှီးထား)
- ကြက်ဥအကာ တစ်ခု
- ဆားလက်ဖက်ရည် ၁ ဇွန်း
- အချိုမှုန့် အနည်းငယ်
- ချင်း အနည်းငယ် နုတ်နုတ်စဉ်း
- ကြက်သွန်ဖြူ ၂ မွှာ နုတ်နုတ်စဉ်း
- ပြောင်းဖူးကော်မှုန့် စားပွဲဇွန်း ၁ ဇွန်း
ပြင်ဆင်နည်း
- အာလူးနဲ့ ဟင်းသီးဟင်းရွက်တွေမှလွဲပြီး ကျန်တာတွေအားလုံးကို ရောနယ်ထားလိုက်ပါ
- အာလူးကိုလဲ ကွမ်းသီးလုံးထက်ငယ်သော အရွယ်လေးများလုံးထားလိုက်ပါ
- နောက်ကြက်သားနယ်ပြီးသားများနဲ့ အာလူးကို မံပါတယ်
- အဲဒီနောက်မှာတော့ ဂျုံလူးပြီး ဆီပူပူမှာ ရွှေညိုရောင်သမ်းအောင် ကြော်ပါ
- ဆီကိုခပ်ထားလိုက်ပြီး စားပွဲဇွန်း ၂ ဇွန်းခန့်အိုးထဲမှာ ချန်ထားပါ
- ကြက်သွန်နီ အသေးတစ်ဥကို ဆီသတ်ပြီးမုန်ညှင်းဖြူများကို ထည့်ကြော်ပါ
- တစ်ဆက်ထည်းမှာပဲ ခရုဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၃ ဇွန်း ၊ ပဲငံပျာရည် အနောက်လက်ဖက်ရည် ဇွန်း တစ်ဝက်၊ ပဲငံပျာရည်အကြည်စားပွဲဇွန်း ၁ ဇွန်းနဲ့ သကြားလက်ဖက်ရည် ဇွန်း ၁ ၀က်ကိုလည်း ထည့်ပေးပါ
- အဖုံးအုပ်ပြီး ၃ မိနစ်ခန့်တည်ပါ။ နောက် ကြော်ထားတဲ့ အာလူးကြက်သားလုံးများကို ထည့်ပြီး အသာအယာမွှေပေးပါ၊
- ကျန်တဲ့မုန်ညှင်းများကိုလည်း ထည့်ကာနောက် ရေတရုပ်ပန်းကန်လုံး တစ်ဝက်ခန့်ထည့်ပြီး အဖုံးအုပ်ကာ ၃ မိနစ်ခန့်ထပ်တည်ပါ။
- မုန်ညှင်းတွေလည်နွမ်းလာပြီဆိုရင်တော့ ပြောင်းဖူးကော်မှုန့် စားပွဲဇွန်း တစ်ဝက်ကို ရေတရုပ်ပန်းကန်လုံး တစ်ဝက်ခန့်နဲ့ ရောဖျော်ပြီး ထည့်ပေးပါ။
- ဆော့စ်တွေပျစ်ပျစ်လေးဖြစ်လာရင် ငရုပ်ကောင်းဖြူးကာ သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ
2 comments:
ကြက်သားအာလူးအစာသွပ်လေး အားပေးသွားတယ် Evy ရေ... တီတင့်လည်း ကြက်ကလွဲရင် ခြေလေးချောင်းသား မစားတော့ ကြက်သားအာလူးကက်တလစ် မကြာခနလုပ်စားလေ့ရှိတယ် :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မြင်ရုံနဲ.တင်သွားရည်တွေထိန်းမရဖြစ်ရပါတယ်..လုပ်စားဖြစ်အောင်လုပ်စားလိုက်မယ်မမရေ..
Post a Comment