သင်္ကြန်တွင်း မှာကျောက်ကျောထိုးချင်သူများအတွက် အုန်းစိမ်းကျောက်ကျောလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီအချိုပွဲလေးကတော့
ကျွန်မရဲ့ညီမ လက်စွမ်းပြထားတာပါ။ သူကဗမာ မုန့်တွေလုပ်ရတာ ပိုပြီးအားသန်ပါတယ်။ စားလို့လဲကောင်းပြီး သင်္ကြန်နဲ့ လိုက်ဖက်မယ့် အုန်းစိမ်းကျောက်ကျောလေးကို စမ်းကြည့်ကြပါဦး
ပါဝင်ပစ္စည်းများ
·
အုန်းစိမ်းရည်
၁ လီတာ
·
သကြား
၁၅၀ ဂရမ်
·
ဆား
- လက်ဖက်ရည် ဇွန်းတစ်ဝက်
·
ကျောက်ကျောမှုန့်
တစ်ထုပ် -၁၀ ဂရမ်
ပြုလုပ်နည်း
·
အုန်းသီးနုနုများကို
ဇွန်းနဲ့ ခြစ်ထားပေးပြီး မုန့်လုပ်မယ့် ဗန်းထဲဖြန့်ခင်းပေးထားပါ
·
အုန်းရည်၊သကြားနဲ့
ဆားကို ဆူအောင်ကျိုပေးပါ။
·
ဆူလာရင်
ကျောက်ကျောမှုန့်ကို ဖြည်းဖြည်းချင်းရောမွှေပြီး
အဆက်မပြတ်မွှေပေးရပါမယ်
·
၁၅
မိနစ်ခန့်မွှေပြီးရင်တော့ ခုနကအုန်းသီးထည့်ထားတဲ့ ဗန်းထဲကိုလောင်းထည့်ပြီး အအေးခံပါ
·
လုံးဝအေးသွားရင်တော့
အရသာရှိတဲ့ အုန်းစိမ်းကျောက်ကျောကို စိတ်ကြိုက်ပုံလှီးပြီး သုံးဆောင်နိုင်ပါပြီ
2 comments:
Evy ညီမလက်စွမ်းပြထားတဲ့ အုန်းစိမ်းကျောက်ကျောလုပ်နည်းလေး လေ့လာသွားတယ် သင်္ကြန်တွင်းမှာ လုပ်စားကြဘို့ အဆင်ပြေတာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
Hi Evy,
I have a zawgyi font and able to read most of your post but I am not able to read this post. What font are you using for this post? thank you.
Post a Comment