ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အုန်းပင်တွေများတဲ့
ပင်လယ်ကမ်းခြေဒေသမှာ နှစ်တော်တော်ကြာကြာနေခဲ့တာကြောင့် အုန်းရှာလပတ်ရည်ကို ခဏခဏစားရပါတယ်။
အုန်းသီးနုနုကို ခြစ်ပြီး အုန်းရည်ထဲ ပြည်ထည့် သကြားလေး နဲနဲထည့်ထားတဲ့ နေ့လယ်နေ့ခင်း
သရေစာလေးကို ခေါ်တာပါ။ အထူးသဖြင့်ကမ်းခြေမှာ ပျော်ပွဲစားတွေဘာတွေသွားရင် အဲဒါလေးက မပါမဖြစ်ပေါ့။
အခုလည်း ငယ်ငယ်တုန်းက
အစားအစာကို သတိရတာနဲ့ ဒီအချိုပွဲလေးကို လုပ်စားဖြစ်ပါတယ်။ ဒါပေမယ့် အရည်သက်သက်မဟုတ်ပဲ
ရေခဲခြစ်လိုမျိုး ပြန်လည်ပြုပြင်ထားပါတယ်။ ၂ မျိုးလုံးကတော့ သူ့ဟာသူစားကောင်းတာပါပဲ။
လုပ်နည်းလေးကြည့်ကြရအောင်။
ပါဝင်ပစ္စည်းများ
·
အုန်းသီးနုနု
(ဇွန်းခြစ်) ၂ လုံး
·
သကြား
စားပွဲဇွန်း ၂ ဇွန်းခန့် (အချိုကို လိုသလိုညှိပါ။ အုန်းရည်က ချိုပြီးသားဆိုရင် သကြားသိပ်မလိုပါဘူး)
ပြုလုပ်နည်း
1.
အုန်းရည်များကို
ခွက်တစ်ခုထဲထည့်ပြီး သကြားများထည့်မွှေပေးပါ
2.
အုန်းသီးအဖတ်များကို
လည်းခြစ်ထားပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပေးပါ။
3.
အုန်းရည်
သကြားအရောကို Freezer ထဲမှာ ၂ နာရီ (သို့)
စပြီးခဲစပြုတဲ့ အထိထားပေးပါ
4.
စခဲပြီဆိုရင်
ဇွန်းနဲ့ အသာမွှေပေးပြီး အုန်းသီးအဖတ်လေးများကို
သမအောင်ထည့်မွှေပါ
5.
နောက်
ရေခဲသေတ္တာ အပေါ်ထပ်မှာပဲ လုံးဝခဲတဲ့ အထိထားပေးပါ။
6.
စားကာနီးမှာ
ဇွန်းနဲ့ ခြစ်ထုတ်ပြီးရင်တော့ အုန်းသီးရေခဲခြစ် အဆင်သင့်ဖြစ်ပါပြီ (ခဲနေပေမယ့်လို့
ရေခဲတုံးကြီးလို ဖြစ်မနေပဲ ဇွန်းနဲ့ ခြစ်ရုံနဲ့ ရပါတယ်)
2 comments:
အုန်းသီးနုနု ဇွန်းခြစ်လေးတွေ စားရတဲ့အရသာ ကြိုက်မှကြိုက် Evy ရေး)
အုန်းသီးရေခဲ့ခြစ် နည်းစနစ်လေး မှတ်သားသွားတယ်။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နွေရာသီစာလေး လုပ်စားဦးမယ်
Post a Comment