Saturday, June 1, 2013

နာနတ်သီးဂျယ်လီ




ခုတစ်ပတ် Kids in the kitchen အစီအစဉ်အတွက်လုပ်ပေးထားတဲ့  နာနတ်သီးဂျယ်လီဖြစ်ပါတယ်။ ဂျယ်လီကတော့ ကလေးတွေ ကြိုက်တဲ့ သရေစာလေးဖြစ်တဲ့အပြင် သစ်သီးများပါ ထည့်ထားတာကြောင့် သူတို့သဘောကျမှာ အသေအချာပါ။
(ကလေးသာမက လူကြီးတွေပါသဘောကျကြမှာပါ :) )

နာနတ်သီးဂျယ်လီ
Agar agar jelly – ၁၀ ဂရမ်
ရေ- ၁ လီတာ
သကြား - ၂၀၀ ဂရမ်
ထန်းလျက် - ၄ ခဲ
နာနတ်သီးအနည်းငယ်



ပြုလုပ်နည်း
ပထမဦးစွာ နာနတ်သီးများကို ခပ်သေးသေးလှီးပြီပုံစံခွက်လေးများထဲသို့ ထည့်ပေးပါ
Agar agar နဲ့ ရေကို အရင်ကျို အသီးမြုပ်တဲ့အထိပဲ လောင်းထည့်ပြီး အအေးခံထားပါ။
ကျန်တဲ့အရည်များကို ထန်းလျက် ၄ ခဲထည့်ကာ ဆက်ကျိုပါ။
ရလာတဲ့ ထန်းလျက် ဂျယ်လီရည်များကို ပထမအအေးခံထားတဲ့ ဂျယ်လီများပေါ်ကိုထပ်လောင်းထည့် ပေးပါ။ အအေးခံပြီးရင်တော့ နာနတ်သီးဂျယ်လီများ အသင့်ဖြစ်ပါပြီ

4 comments:

ွှ့Thinn Sabai said...


ဒီနည်းလေး တော်တော်ကောင်းတယ်.. ၂ ဆင့်ကျို လောင်းတော့ အသီးလေးတွေလဲ ပေါလောမပေါ်. အရောင်လေးလဲ ကြည်ကြည်လေးနဲ့ စိတ်ကူးကောင်းတယ်.. ဆွမ်းတွေဘာတွေကပ်ဖို့ ဧည့်ခံဖို့တို့ အတော်လေး လှတယ်.

Cameron said...

ဂျယ်လီကြိုက်တယ် ညီမရဲ့ နည်းအတိုင်းလုပ်စားကြည့်ဦးမယ်

Aunty Tint said...

နာနတ်သီးဂျယ်လီလေး တီတင့်လဲကြိုက်တယ် Evy ရေ :) ... Recipe မှတ်သွားတယ် ကျေးဇူးနော်။ လွတ်သွားတာတွေ အများကြီးပဲ တစ်ဖြည်းဖြည်းပြန်ဖတ်အုံးမယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

MonMonYoKo said...

မရေ
လွယ်ကူပီး အရသာရှိမဲ.ပုံလေးနော်။ ထန်းလျက်လေးနဲ.ဆိုတော. အရသာလေးလေးနဲ. နာနတ်သီးနဲ.လိုက်ဖက်မယ်လို.စိတ်ကူးထဲက ခံစားမိတယ်။