Tuesday, November 9, 2010

အဖေ့မွေးနေ့ နဲ့ သစ်တော်သီးမုန့် - 9 Nov 2010



အဖေ့ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ အမှတ်တရ မုန့်လုပ်ဖြစ်ပါတယ်။။ မွေးနေ့မှာ ကိတ်မုန့်လှီးတယ်ဆိုတာ ကျွန်မတို့အိမ်မှာသိပ်လုပ်လေ့မရှိတဲ့ အလေ့အထပါ။ ဗမာဓလေ့လည်း မဟုတ်ဘူးလေ။ မှတ်မှတ်ရရ ညီမ အငယ်ဆုံး ၂ယောက် မွေးနေ့ ( ၅ နှစ်နဲ့ ၁ နှစ်ပြည့်) ပေါင်းလုပ်တုန်းက တစ်ခါ ကိတ်မုန့်မှာတာကို အမှတ်ရလိုက်ပါတယ်။ အဲဒီနောက်ပိုင်းဘာကိတ်မှ မမှာဖြစ်ပါဘူး။ မွေးနေ့မှာ အိမ်မှာမုန့်တစ်ခုခု လုပ်ပြီး ဘုန်းကြီးဆွမ်းကပ်တာလောက်ပဲလုပ်ကြပါတယ်။ ခုနှစ်ပိုင်းမှ မွေးနေ့အမှတ်တရ ကိတ်မုန့်တွေဘာတွေ ဖြစ်လာတာပါ။ အဲလိုဖြစ်လာတဲ့ တရားခံကလည်း ကျွန်မပါဘဲ။ သူတို့ကအဲလိုကိတ်တွေဘာတွေ သိပ်လုပ်ချင်တာမဟုတ်ဘူး။ လုပ်ချင်တာကကျွန်မ ၊ ဘယ်လိုအကြောင်းပြချက်ပေးပြီး မုန့်ဖုတ်ရမလဲကို ချောင်းနေတာပါ။ ကျွန်မ မုန့်လုပ်ရတာကို သိပ်ဝါသနာပါပါတယ်။ ဘာအထိမ်းအမှတ်ပဲဖြစ်ဖြစ် မုန့်ဖုတ်ရမယ့်အရေးကို ကြံစည်တတ်ပါသေးတယ်။ ဘာအထိမ်းအမှတ်မှမရှိလဲ ၁ လ ၂ခါလောက်တော့ အကြောင်းပြချက်မျိုးစုံပေးပြီးကို မုန့်လုပ်တာပါ။ ဒီရက်ပိုင်း စားမယ့်လူတွေလဲ ရှိတော့ ကျွန်မအကြိုက်ပေါ့။



အဲလောက်မုန့်လုပ်တာကို နှစ်သက်ပေမယ့် မွေးနေ့ကိတ်နဲ့ပတ်သက်လာရင် ကျွန်မကလည်း ဆိုက်ကို တစ်ခုရှိပါတယ်။ အဲဒါကတော့ သီချင်းဆိုရတာကို သေမလောက်ရှက်တာပါ။ အရင်မုန့်မလုပ်တတ်ခင်တုန်းက သူငယ်ချင်းတစ်ယောက်ယောက်မွေးနေ့ဆို လူစုပြီး မွေးနေ့ကိတ်ဝယ်ပြီး ဆိုင်မှာဆုံလေ့ရှိကြတယ်။ စားပြီးသွားရင် မွေးနေ့ကိတ်မီးထွန်းဘာထွန်း သီချင်းဆိုပေါ့။ အဲဒီအချိန်ဆို ကျွန်မအရမ်းနေရခက်တယ် (မွေးနေ့ရှင်က ကျွန်မ မဟုတ်ဘူးနော်)။ လူကြားထဲများ မွေးနေ့သီချင်းဆိုရမယ်ဆိုရင် အရမ်းကိုရှက်တာ။ ဘယ်တော့မှလည်း လိုက်ဆိုလေ့မရှိဘူး။ လက်ခုပ်ပဲ ၀ိုင်းတီးပေးလေ့ရှိတယ်။ ကျွန်မက တိတ်တိတ်ဆိတ်ဆိတ် celebreate လုပ်ရတာကို ပိုသဘောကျတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။


ခုအဖေ့မွေးနေ့မှာတော့ ကိတ်အစား Pastry ကိုလုပ်ဖြစ်ပါတယ်။ အဖေက cream တွေအများကြီးပါတဲ့ မုန့်ထက်ဒီလိုမုန့်မျိုးကို ပိုသဘောကျမယ်ထင်လို့ပါ။ ဒီလိုမုန့်မျိုးကိုပြီးခဲ့ နှစ်ပိုင်းကတော့လုပ်ဖြစ်တယ်။ လုပ်နည်းကို ဒီမှာ ကြည့်လိုက်ပါနော်။





အဖေ နဲ့ အမေ ဒီတစ်ခေါက်လာတာကတော့ ကျွန်မအတွက် တကယ့်ကို အမှတ်တရပါပဲ။ ဒါပေမယ့် မနက်ဖြန်ဆိုရင် ပြန်ကြတော့မယ်။ အဖေ အမေနဲ့ နေရတဲ့ အချိန် ၁ လ ကျော်ကျော် အချိန်လေးဟာ အရမ်းနဲလွန်းတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် အဖေ အမေနဲ့ နေရတဲ့ ရသမျှအချိန်လေးကို ကျွန်မတန်ဖိုးထားတယ်။ ဒီအချိန်တွေက ပြန်ရဖို့မလွယ်ဘူးလေ။ ခုချိန်မှာ ကျွန်မအဖြစ်ချင်ဆုံး ဆန္ဒ ကိုပြောပါဆိုရင် အဖေနဲ့ အမေကို ဘာအကြောင်းကြောင့်မှ စိတ်မညစ်စေချင်ပဲ အေးအေးချမ်းချမ်းနေစေချင်တာပါ။ သူတို့ကို အတတ်နိုင်ဆုံး စိတ်ချမ်းသာစေချင်ပါတယ်။


ကျွန်မချစ်တဲ့ အဖေ ကျန်းကျန်းမာမာ၊ စိတ်ချမ်းသာစွာ နဲ့ နောင်မွေးနေ့ပေါင်းများစွာ ဆင်နွှဲနိုင်ပါစေလို့ ၆၅ နှစ်မြောက်မွေးနေ့ အမှတ်တရဆုတောင်းလိုက်ပါတယ်။


ဒါအဖေ့အတွက်လက်ဆောင်လေး



ဖွင့်လိုက်တော့ အထဲမှာဒီလို။ အဖေက လက်ဆောင်ထက် အဲဒီကဒ်ထဲမှာပါတဲ့ ကျွန်မရေးထားတဲ့ စာကြောင်းလေးတွေကို ပိုတန်ဖိုးထားတယ်ဆိုတာ ကျွန်မသိတယ်




မွေးနေ့ကိတ်လေး

5 comments:

Sunny said...

မွေးနေ့ကိတ်လေးကော မွေးနေ့ကတ်ကော၊ လက်ဆောင်လေးကော ချစ်စရာလေးနော်.. အဖေ့မွေးနေ့ကို နောင်နှစ်တွေမှာလည်း အတူပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..

Anonymous said...

Happy B'day ပါ
အမရဲ့ အဖေ အသက်ရာကျော်ရှည်ပါစေ
ဒီလို ချစ်တတ်တဲ့ သမီးလေးရထားတာ
ကံကောင်းတာပေါ့ ။ ကျမ အဖေလည်း
အသက် ၆၃ နှစ်ပါ ။ ဒါပေမဲ့ အဖေက
အမ အဖေလို ကံမကောင်းရှာဖူး
၈၆ ကတည်းက ဆုံးသွားရှာပြီ အခုဆို
အမေတယောက်ထဲ ဖြတ်သန်းလာတာ
၂၄နှစ်တောင် ရှိခဲ့ပါပြီ ။ မိသားစုတွေ
အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ အမရေ ဆုတောင်း
လိုက်ပါတယ် ။ အမ အမနဲ့ ခေါ်နေတာ
ငယ်နေမလား မသိဘူး ။ ကျမက ၇၅ မွေးတာပါ
ဘာပဲဖြစ်ဖြစ်လေ လေးစားတဲ့အနေနဲ့ ခေါ်တာပဲလေ
နော် ။ နားလည်ပေးမယ် ထင်ပါတယ် ။

Baby taster

Evy said...

အဖေ့မွေးနေ့ကို ၀ိုင်းပြီးဆုတောင်းပေးကြလို့ အားလုံးကို ကျေးဇူးပါနော်

အမ လို့ခေါ်လို့ရပါတယ်။ ကွာလည်းနဲနဲပေါ့ :D ။ 1980 Born ပါ။ ဘယ်လိုခေါ်ခေါ် ရင်းနှီးခင်မင်မှုက အဓိကပါနော်။ အဖေ အကြောင်းကြားရတာ စိတ်မကောင်းပါဘူး။ ဘာပဲ ဖြစ်ဖြစ် ချစ်စရာအမေတစ်ယောက် ကျန်သေးတာ အများကြီး ကံကောင်းသေးတာပေါ့နော်။

Bakericious said...

Evy, is it your birthday? sorry cos I cant read the chinese text from my work station either home and office, dunno why. If yes, Happy Birthday to you!

Evy said...

Hi Jess, it's my Dad's birthday...
Thanks muchs for your wishes. :-)