ခုတစ်ခါတော့ Red velvet cupcake လုပ်နည်းအကြောင်းကို ပြောပြချင်ပါတယ်။
အနီရောင်ရဲရဲ ကိတ်လေးတွေပေါ်မှာ ခရင်မ်ချိစ်ဖြူဖြူလေးတွေကို ပုံဖော်ထားတဲ့ကိတ်လေးတွေဟာ
မွေးနေ့ပွဲတွေအတွက်လည်း အလွန်သင့်တော်ပါတယ်။ (သူငယ်ချင်းမွေးနေ့အတွက် တစ်ခါလုပ်ယူသွားဖူးတယ် ဒီမှာပါ ) ခရင်မ်ကို မိမိစိတ်ကြိုက်ပုံဖော်နိုင်တာက
cupcake လေးတွေရဲ့အားသာချက်ပါ။ လုပ်နည်းလေးကို ကြည့်ကြရအောင်။
ပါဝင်ပစ္စည်းများ (Cupcake ၈ ခုစာ)
- ထောပတ် 1/4 cup=4 Table Spoons=55grams(အခန်းအပူချိန်)
- သကြာ3း/4 cup=140grams
- ကြက်ဥ ၁လုံး
- အနီရောင်အစားအသောက်ဆိုးဆေး ၁ အောင်စ
- ကိုကိုးမှုန့် ထမင်းစားဇွန်းမောက်မောက် ၁ ဇွန်း
- 1/4 cup buttermilk =60grams(မရှိရင် နွားနို့ကို သံပုရာရည် လက်ဖက်ရည်ဇွန်း၁ ဇွန်းနဲ့ရောသုံးပါ)
- ဂျုံ 1 cup =100grams
- ဆား လက်ဖက်ရည်ဇွန်း ထက်ဝက်
- ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ထက်ဝက်
- ဗနီလာအမွှေးနံ့ လက်ဖက်ရည်ဇွန်း ထက်ဝက်
- ဘိတ်ကင်ဆိုဒါ လက်ဖက်ရည်ဇွန်း ထက်ဝက်
- ရှာလကာရည် လက်ဖက်ရည်ဇွန်း ထက်ဝက်
ခရင်မ် အတွက်
- ထောပတ် ၅၀ဂရမ်
- ခရင်မ်ချိစ် ၁၁၀ ဂရမ်
- ပေါင်ဒါသကြား ၁၅၀ ဂရမ်
- ဗနီလာ လက်ဖက်ရည် ၁ ဇွန်း
ပြင်ဆင်နည်း
1. ပထဆုံး အာဗင်
ကို ၁၇၀ ဒီဂရီ စင်တီဂရိတ်အထိ အပူပေးထားလိုက်ပါ။ ပြီးရင် ဂျုံ ၊ဘိတ်ကင်ပေါင်ဒါ၊ နဲ့
ဆားကို ရောမွှေပြီး စကာစစ်ထားပေးပါ။
2. ထောပတ်နဲ့သကြားကို
ပွလာအောင် စက်နဲ့မွှေပေးပါ။ တစ်ချိန်ထည်းမှာပဲ
ကိုကိုးမှုန့်နဲ့ အနီရောင်အစားအသောက်ဆိုးဆေးကို ရောမွှေပြီး ပွတက်လာတဲ့ သကြားနဲ့ထောပတ်ထဲကိုလောင်းထည့်ပြီး
သမအောင်ထပ်မွှေပေးပါ။
3. ကြက်ဥကိုခေါက်ထားပြီး
နဲနဲစီထည့်ပေးပြီး သမအောင်မွှေပါ။
4. ဗနီလာအနံ့ကိုပါထည့်မွှေပေးပါ။
5. ပြီးရင် ဂျုံနဲ့
butter milk ကို ထည့်မွှေရပါမယ်။ အရင်က ပြောခဲ့တဲ့လုပ်နည်းအတိုင်း ဂျုံနဲ့စပြီး ဂျုံနဲ့အဆုံးသတ်ပါမယ်။
ဂျုံကို သုံးပုံပုံ။ နို့ကို ၂ ပုံပုံပြီး
ဂျုံ၊ butter milk၊ ဂျုံ၊ butter milk ၊ ဂျုံ အဲဒီ အစီအစဉ်အတိုင်း ရောမွှေရပါမယ်။
6. နောက်ဆုံးမှ
ဘိတ်ကင်ဆိုဒါနဲ့ ရှာလကာရည်ကိုရောပြီး မုန့်နှစ်ထဲထည့်မွှေပေးပါ။
7. အားလုံးသမသွားရင်
အသင့်ပြင်ထားတဲ့ ခွက်ကလေးတွေထဲထည့်ပြီး 23 မိနစ်ကနေ 25 မိနစ်အထိ ဖုတ်ပေးပါ။ 23 မိနစ်ကျော်ရင်
မုန့်ကျက်မကျက်ကို စူးတံလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါမလာရင် ကျက်ပါပြီ။
8. မုန့်ကျက်ရင်
အာဗင်ထဲကထုတ်ပြီး အအေးခံထားပါ။
ခရင်မ်ပြင်နည်း
ခရင်မ်အတွက် ဗနီလာ၊ ထောပတ်နဲ့ cream cheese ကိုအရင်သမအောင်ရောမွှေပေးပါ။
ပြီးရင သကြားမှုန့်ကို ထည့်ပြီး အရှိန်နည်းနည်းနဲ့မွှေပေးပါ။ (အရှိန်များများနဲ့ တစ်ခါတည်း မွှေ့လိုက်ရင် အမှုန့်တွေလွင့်ပြီး
မျက်နှာကိုလာကပ်လိမ့်မယ်)။ သမသွားပြီဆိုမှ အရှိန်များများနဲ့ ညက်အောင် ၇ မိနစ်လောက်မွှေပေးပါ။
ဒါဆိုရင် ခရင်မ်ရပါပြီ
ခရင်မ်သုတ်နည်း
မုန့်တွေလည်းအေးသွားပြီ၊ ခရင်မ်လဲ အသင့်ဆိုတော့ ခရင်မ်နဲ့အလှဆင်လို့ရပါပြီ။
ပလတ်စတစ်ကတော့ ချွန်လေးကို star tip (ပုံဖော်သော အ၀ချွန်လေး) တပ်ပြီး ခရင်မ်တွေကို
ထည့်ပေးပါ။ ပြီးမှ မုန်ပေါ်မှာ လက်ယာရစ်ညှစ်ချပေးပါ။ အဲဒီနည်းအတိုင်းမုန့်တွေအားလုံးကိုဆက်လုပ်သွားပါ။
နောက်ဆုံးမုန့်တစ်ခုကို ခရင်မ် မညှစ်ပဲချန်ထားပေးပါ။ အဲဒီမုန့်လေးကို နဲနဲလေးဖဲ့ချွေပြီး
ကျန်တဲ့ ခရင်မ်တင်ထားတဲ့ မုန့်တွေပေါ်မှာ ဖြူးပေးပါ။ ဒါဆိုရင်တော့ လှပတဲ့ Red
velvet cupcake လေးတွေရပါပြီ။
4 comments:
Cup cake လေးတွေကိုချစ်လို့ 
လုပ်ကြည့်ချင်နေတာ။း)
အိုင်အိုရာ
မုန့်လုပ်တဲ့ နည်းပညာလေးတွေ တန်ဘိုးရှိတယ် EVY ရေ။ နောက်ကို မွေးနေ့လက်ဆောင် ကိုယ်တိုင် စမ်းလုပ်ကြည့်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မီးလဲ မွေးနေ့ကိတ်ကိုစမ်းလုပ်ကြည့်ဦးမယ်...း)
Very professional,sis ! So lovely !
Post a Comment