အင်္ဂလိပ်အခေါ်အဝေါ်
နဲ့ဆိုရင်တော့ shortbread ပေါ့နော်။ ထောပတ်ပါဝင်မှုများတာကြောင့်မုန့်သားမွမွလေးနဲ့
အင်မတန်မှ စားလို့အရသာရှိပါတယ်။ ဒါပေမယ့် ဒီလုပ်နည်းမှာပါတဲ့ နံကထိုင်က ဗမာပြည်ကစားဖူးနေကျ နံကထိုင်နဲ့ နဲနဲတော့ ကွာပါတယ်။ ထောပတ်၊ နို့သိပ်မများတာကြောင့် မအီပဲ စားလို့ကောင်းလို့ ပိုပြီးသဘောကျမိတယ်ပါတယ်။ လုပ်နည်းလေးလဲ လွယ်တာကြောင့် သဘောကျနှစ်သက်ကြမှာပါ။
ပါဝင်ပစ္စည်းများ
- ဂျုံ ၂၂၀ ဂရမ်
- သကြား ၈၀ ဂရမ်
- ထောပတ် ၁၆၀ ဂရမ်
- ဆား နည်းနည်းလေး
- ကြက်ဥအကာ ၃၀ ဂရမ် (၁ခု မရှိတစ်ရှိပေါ့)
လုပ်နည်း
- ပထမဆုံး ဂျုံ၊ သကြားကို စကာစစ်ပေးပါ။
- အတုံးသေးသေးတုံးထားတဲ့ ထောပတ်ကိုရောထည့်ပြီး အဖတ်ဖတ်ကလေးတွေဖြစ်အောင် လက်ချောင်းထိပ်လေးတွေနဲ့နယ်ပေးပါ။
- ပြီးရင် ကြက်ဥအကာထည့်ပြီး မုန့်သားရအောင်နယ်ပါ။
- မုန့်သားရပြီဆိုရင် ပလတ်စတစ်ပတ်ပြီး ရေခဲသေတ္တာထဲ ၁ နာရီထားပေးပါ
- ပြီးရင် ဒလိမ့်တုန်းနဲ့လှိမ့်ပေးပြီး ၁စင်တီမီတာ အထူရှိတဲ့ အပြားလေးရအောင်လုပ်ပါ
- နောက်ပေတံ ၂ ပြားစာအရှည်နဲ့ လက်မ၀က်သာသာ ဗျက်ကလေးတွေရှိတဲ့ မုန့်ချောင်းလေးတွေရအောင်လုပ်ပြီး ဗန်းပေါ်တင်ပါ (ဒီလိုပုံ တသမတ်ထည်းလုပ်ရမယ်လို့ မဆိုလိုပါ။ မိမိစိတ်ကြိုက်ပုံလုပ်နိုင်ပါတယ်)
- နောက် တူနဲ့ အပေါက်ကလေးတွေလိုက်ဖောက်ပြီး ၁၄၀ ဒီဂရီအာဗင် (ပန်ကာပါတဲ့ အာဗင်ဆိုရင် ၁၂၀ ဒီဂရီ) မှာ ၁ နာရီဖုတ်ပေးပြီးရင် ရပါပြီ
10 comments:
နံကထိုင် အရမ်းကြိုက်တယ် အိရေ....နည်းလေးအတွက်ကျေးဇူးပါနော်
ငယ်ငယ်တုန်းက အကြိုက်ဆုံးမုန့်ထဲမှာပါတယ်။ :)
အီပေမယ့်လည်းအဲဒီမုန့်ကိုကြိုက်တယ်...လုပ်နည်းလေးလွယ်လိုက်တာ..ကျေးဇူးပါ..။
I like it very much :)
Thank you, EVY :D
Can pls let me know , what kind of flour,sugar,butter should I choose?
PPS :)
နံကထိုင်ကြိုက်တယ်.. နည်းလေးမှတ်သွားပါတယ်နော်..
စားချင်စရာလေး .. ကြိုက်မှကြိုက်ပဲ :))
PPS, ပုံမှန်ဂျုံ Castor Sugar, ရိုးရိုးထောပတ်ဆိုရင် ရပြီလေ :-)
အဲဒါလေးက တီမာ့အကြိုက်မုန့်လေးပါသမီးရေ
စားချင်လိုက်တာ
ရွှေပုဇွန်မုန့်ဆိုင်ရောက်တိုင်း မဖြစ်မနေ နန်ကထိုင် ဝယ်ဖြစ်တယ် Evy ရေ။ လုပ်နည်းလေးက လွယ်သားနော် စမ်းလုပ်ကြည့်မယ် အိုကေရင် ခေါ်ကျွေးမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Thank you par Evy :)
PPS :)
Post a Comment