Wednesday, September 19, 2012

အသီးအရွက်သုပ်

ခုတစ်လော ဟင်းချက်ဖြစ်၊ မုန့်လုပ်ဖြစ်တာတွေ အများကြီးပါ။ ဒါပေမယ့်လည်း အကုန်မရေးဖြစ်ပဲ ရေးစရာအကြွေးတွေ တော်တော်များနေပါတယ်။ ဖြည်းဖြည်းချင်း အချိန်ယူပြီး ရေးမှရမယ့် အခြေအနေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း ထောပတ်ထမင်းနဲ့ ကြက်သားဟင်းလုပ်စားဖြစ်ပါတယ်။ မွေးနေ့အလွန် သူငယ်ချင်းတွေပြန်စုကြတာပါ။ အဲဒါကိုတော့ နောက်ပို့စ်တစ်ခုမှပဲ ရေးတော့မယ်။ ခုလောလောဆယ်တော့ လွယ်ကူမြန်ဆန်တဲ့ ညနေစာ အသုပ်ကလေးအကြောင်းရေးပါမယ်။ အရှေ့နဲ့အနောက်ကို ရောမွှေထားတဲ့ အသီးအရွက်သုပ်ပေါ့နော်။ ပိန်ချင်လို့ ညနေစာထမင်းမစားချင်တဲ့သူတွေနဲ့ သင့်တော်မယ်လို့ထင်ပါတယ်။

တလောက အင်္ဂလိပ်အသုပ်လုပ်စားမယ်ဆိုပြီး ၀ယ်ထားတဲ့ cherry tomato/ Butter head lettuce နဲ့ ခရမ်းရောင် ဂေါ်ဖီထုပ်တွေကျန်နေပါတယ်။ အင်္ဂလိပ် အသုပ်စုံဟာ အီလွန်းလို့ အမြဲတမ်းမစားနိုင်ပါဘူး။ ပိုနေတဲ့ အသီးအရွက်တွေ အလဟသ မဖြစ်ရလေအောင် ဗမာမှုပြုလိုက်တဲ့အခါ ဒီလို့ အသုပ်မျိုးထွက်လာပါတယ်။ East meet West ပေါ့နော်။ အရသာက လည်းသာမန် ခရမ်းချဉ်သီးသုပ်နဲ့ မတူပဲ ပဲကြော်လေးတွေပါထည့်ထားတာ တော်တော်စားလို့ကောင်းပါတယ်။ စိတ်ဝင်စားရင် စမ်းကြည့်ပြီး ကောင်းမကောင်းပြန်ပြောဦးနော်။

ပါဝင်ပစ္စည်းများ

  1. Butter head lettuce ၁ ပွင့် (ရေဆေးပြီး ခပ်ထူထူလှီးထားပါ)
  2. cherry tomato ၁၀ လုံး ( ၂ ခြမ်းစိတ်ပေးထားပါ)
  3. ခရမ်းရောင် ဂေါ်ဖီပါးပါးလှီး အနည်းငယ်
  4. ပဲမှုန့် လက်ဖက်ရည် ၁ ဇွန်း ခွဲ
  5. ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  6. သံပုရာရည် လက်ဖက်ရည် ၁ ဇွန်း
  7. ငရုပ်သီးလှော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
  8. သံလွင်ဆီ စားပွဲဇွန်း ၁ ဇွန်း
  9. ပုဇွန်ခြောက် အနည်းငယ်
  10. လက်ဖက်နဲ့စားတဲ့ ပဲကြော် လက်တစ်ဆုပ်စာ
သုံးတဲ့ ဆလပ်ရွက်ပုံ (Google ကရှာထားတာ)

အဲဒါတွေအားလုံးကို ရောနယ်လိုက်ရင် စားလို့ကောင်းတဲ့ အသီးအရွက်သုပ်ကိုရပါပြီ။ အရွက်တွေနွမ်းအောင် သေချာဖိနယ်ရင် ပိုစားကောင်းပါတယ်။ ချဉ်၊ငံ၊စပ်အရသာနဲ့ ပြည့်စုံတာမို့ အားလုံးနှစ်သက်ကြမှာပါ။

7 comments:

Anonymous said...

ရှလွတ် ရှလွတ်သရေကျသွားပါတယ် သီတာ

BabyAngle said...

အခုတလော ၀ိတ်လျော့နေတာနဲ့အတော်ပဲ အမရေ..
လုပ်စားကြည့်အုံးမယ်..

Thamee Su said...

စားသွားပါပြီ အိရေ

mstint said...

စားကောင်းမယ့်ပုံပဲ Evy ရေ။ စိတ်ဝင်စားတယ် လုပ်စားကြည့်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

cho cho chit said...

ဒါမျိုးလေး သုပ်စားကြည့်အုံးမယ် မမ ရေ ။။။

Candy said...

အသီးအရွက်ဆိုတာနဲ့ စိတ်ဝင်စားလို့လာခဲ့တာ... လုပ်စားကြည့်ဦးမယ် :D

Tuumar said...

အသီးအရွက်ဆို အရမ်းကြိုက်တယ်