Wednesday, September 5, 2012

ထမင်းကြော်နဲ့ အသီးအရွက်ကြော် Chinese Mushrooms and broccoli in special sauce


ခုတစ်ခါတော့ စားလို့ကောင်းတဲ့ အသီးအရွက်အကြော်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘရိုကိုလီနဲ့ တရုပ်မှိုခြောက်ကိုရောကြော်ထားတာပါ။ ကြော်တာက ရိုးရိုးပေမယ့် ဆော့စ်ကနဲနဲဆန်းပြီး အရသာရှိပါတယ်။ မှိုထဲကိုဆော့စ်တွေဝင်သွားတော့ မှိုကလည်း တော်တော်စားလို့ကောင်းပါတယ်။ တရုပ်စတိုင်ထမင်းကြော်လေးနဲ့ဆိုရင် သိပ်လိုက်လို့ ထမင်းလေးပါ ကြော်စားဖြစ်တယ်။

ပထမဆုံးမှို ၈ ခုလောက်ကိုနာရီဝက်လောက်ရေစိမ်ထားပြီး လှီးထားပါ။



မှိုကြော်အတွက်ဆော့စ်


  1. ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  2. ၀ိုင် စားပွဲဇွန်း ၁ ဇွန်း
  3. ရှာလကာရည် လက်ဖက်ရည် ၁ ဇွန်း
  4. သကြားလက်ဖက်ရည် ၁ ဇွန်း
  5. နှမ်းဆီစားပွဲဇွန်း ၂ ဇွန်း
နှမ်းဆီကလွဲလို့ ကျန်တာတွေအားလုံးကို ရောမွှေထားလိုက်ပါ။
ဆီသတ်ဖို့အတွက်  ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်း) ချင်း အပြားသေး ၁ပြား (နုတ်နုတ်စဉ်း)

ပြုလုပ်နည်း 

  1. ပထမဆုံးနှမ်းဆီကို ပူလာအောင် အပူပေးပြီး ကြက်သွန်ဖြု၊ ဂျင်းကို ကြော်ပေးပါ
  2. ၁၀ စက္ကန့်လောက်နေရင် မှိုတွေကိုထည့်ပြီး ခဏကြော်ပေးပါ
  3. နောက် ခုနကရောထားတဲ့ဆော့စ်ကိုလောင်းထည့်ပြီး ၃ မိနစ်လောက်တည်ပါ။
  4. မီးပိတ်ပြီး ရေနွေးဖျောထားတဲ့ ဘရိုကိုလီကိုရောမွှေပေးရင် ရပါပြီ

သူနဲ့တွဲစားဖို့ တရုပ်ထမင်းကြော်နည်းပါတစ်ခါထည်းရေးပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ


  • တရုပ်ပန်းကန်လုံး ၂ လုံး
  • နှမ်းဆီ အနည်းငယ်
  • ကြက်သားမှုန့် ၁ ဇွန်း
  • ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ငရုပ်ကောင်းမှုန့်
  • အသီးအရွက်စုံ
  • ကြက်သား
  • ကြက်သွန်ဖြူ တစ်ဥ- ဓါးပြားရိုက်ထားပါ


လုပ်နည်းလေးက လွယ်ပါတယ်နော်။ 
  1. ထမင်းကို ကြက်သားမှုန့်၊ ပဲငံပျာရည်နဲ့ အရင်နယ်ထားပါ
  2. ဆီစားပွဲဇွန်း ၂ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်ဖြူဆီသတ်ပေးပါ။
  3. နောက် ကြက်သား (သေးသေးလှီး)ကို ထည့်ပြီး ၂ မိနစ်လောက်ကြော်ပါ။
  4. အသီးအရွက်လည်းထည့်ကြော်ပြီး ၁ မိနစ်လောက်နေရင်ထမင်းထည့်ပေးပါ
  5. မီးပေါ်မှ ချကာနီးမှ နှမ်းဆီ၊ ငရုပ်ကောင်းဖြူးပြီး သမအောင်မွှေပေးပါ။
ဒါဆိုရင်တော့ အသီးအရွက်ကြော်နဲ့ လိုက်ဖက်တဲ့ ထမင်းကြော်လေးရပါပြီ

6 comments:

cho cho chit said...

ပုံကိုမြင်ပြီး သရေယိုတယ်ဗျ.. အသီးအရွက်ကြော်ကြော်စားအုံးမယ်နော် ။။

Thamee Su said...

ကောင်းမှကောင်းပဲ အိရေ sauce လေး အဲလိုလုပ်စားဦးမယ်

mstint said...

စားချင်စဖွယ်လေးပါလား Evy ရေ။ ချက်နည်းလေးတွေ မှတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

မှိုနဲ့ဘရိုကိုလီလေးကြိုက်
ထမင်းကြော်လေးလဲကြိုက်တယ်
နည်းလေးတွေယူသွားတယ်နော်

Anonymous said...

will try this one also :)
Thanks for sharing, EVY :)

PPS :)

စံပယ်ချို said...

ပုံလေးတွေကြည့်ပြီးစားချင်လာပြီ