ခုတစ်ခါတော့ စားလို့ကောင်းတဲ့ အသီးအရွက်အကြော်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘရိုကိုလီနဲ့ တရုပ်မှိုခြောက်ကိုရောကြော်ထားတာပါ။ ကြော်တာက ရိုးရိုးပေမယ့် ဆော့စ်ကနဲနဲဆန်းပြီး အရသာရှိပါတယ်။ မှိုထဲကိုဆော့စ်တွေဝင်သွားတော့ မှိုကလည်း တော်တော်စားလို့ကောင်းပါတယ်။ တရုပ်စတိုင်ထမင်းကြော်လေးနဲ့ဆိုရင် သိပ်လိုက်လို့ ထမင်းလေးပါ ကြော်စားဖြစ်တယ်။
ပထမဆုံးမှို ၈ ခုလောက်ကိုနာရီဝက်လောက်ရေစိမ်ထားပြီး လှီးထားပါ။
မှိုကြော်အတွက်ဆော့စ်
- ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ၀ိုင် စားပွဲဇွန်း ၁ ဇွန်း
- ရှာလကာရည် လက်ဖက်ရည် ၁ ဇွန်း
- သကြားလက်ဖက်ရည် ၁ ဇွန်း
- နှမ်းဆီစားပွဲဇွန်း ၂ ဇွန်း
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်း) ချင်း အပြားသေး ၁ပြား (နုတ်နုတ်စဉ်း)
ပြုလုပ်နည်း
- ပထမဆုံးနှမ်းဆီကို ပူလာအောင် အပူပေးပြီး ကြက်သွန်ဖြု၊ ဂျင်းကို ကြော်ပေးပါ
- ၁၀ စက္ကန့်လောက်နေရင် မှိုတွေကိုထည့်ပြီး ခဏကြော်ပေးပါ
- နောက် ခုနကရောထားတဲ့ဆော့စ်ကိုလောင်းထည့်ပြီး ၃ မိနစ်လောက်တည်ပါ။
- မီးပိတ်ပြီး ရေနွေးဖျောထားတဲ့ ဘရိုကိုလီကိုရောမွှေပေးရင် ရပါပြီ
သူနဲ့တွဲစားဖို့ တရုပ်ထမင်းကြော်နည်းပါတစ်ခါထည်းရေးပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- တရုပ်ပန်းကန်လုံး ၂ လုံး
- နှမ်းဆီ အနည်းငယ်
- ကြက်သားမှုန့် ၁ ဇွန်း
- ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ငရုပ်ကောင်းမှုန့်
- အသီးအရွက်စုံ
- ကြက်သား
- ကြက်သွန်ဖြူ တစ်ဥ- ဓါးပြားရိုက်ထားပါ
လုပ်နည်းလေးက လွယ်ပါတယ်နော်။
- ထမင်းကို ကြက်သားမှုန့်၊ ပဲငံပျာရည်နဲ့ အရင်နယ်ထားပါ
- ဆီစားပွဲဇွန်း ၂ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်ဖြူဆီသတ်ပေးပါ။
- နောက် ကြက်သား (သေးသေးလှီး)ကို ထည့်ပြီး ၂ မိနစ်လောက်ကြော်ပါ။
- အသီးအရွက်လည်းထည့်ကြော်ပြီး ၁ မိနစ်လောက်နေရင်ထမင်းထည့်ပေးပါ
- မီးပေါ်မှ ချကာနီးမှ နှမ်းဆီ၊ ငရုပ်ကောင်းဖြူးပြီး သမအောင်မွှေပေးပါ။
6 comments:
ပုံကိုမြင်ပြီး သရေယိုတယ်ဗျ.. အသီးအရွက်ကြော်ကြော်စားအုံးမယ်နော် ။။
ကောင်းမှကောင်းပဲ အိရေ sauce လေး အဲလိုလုပ်စားဦးမယ်
စားချင်စဖွယ်လေးပါလား Evy ရေ။ ချက်နည်းလေးတွေ မှတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မှိုနဲ့ဘရိုကိုလီလေးကြိုက်
ထမင်းကြော်လေးလဲကြိုက်တယ်
နည်းလေးတွေယူသွားတယ်နော်
will try this one also :)
Thanks for sharing, EVY :)
PPS :)
ပုံလေးတွေကြည့်ပြီးစားချင်လာပြီ
Post a Comment