Tuesday, October 30, 2012

ပဲကြာဇံကြော်


အားလုံးကို မင်္ဂလာရှိတဲ့ သီတင်းကျွတ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ သီတင်းကျွတ်နုတ်ဆက်ပြီးပြီ ဆိုရင်တော့ ထုံးစံအတိုင်းအစားအသောက်ဘလော့ဆိုတော့လည်း အစားအသောက်အကြောင်း ရေးရတာပေါ့နော်။ :D ဒီဟင်းလေးကတော့ အကြွေးဆပ်တဲ့ဟင်းလို့ဆိုရပါမယ်။ Fan Page မှာပုံတင်ပြီး တော်တော်ကြာတဲ့အထိမရေး ဖြစ်ပဲ ခုမှရေးဖြစ်တာပါ။ ခုတစ်လောမှာ Page ကိုပြန်ပြင်နေတာနဲ့ ပုံဟောင်းနဲ့ ပုံသစ်တွေကို ရောတင်ဖြစ်နေလို့ အသစ်တွေ သီးသန့်ကို သိပ်မရေးနိုင်တာပါ။ ဒါ့အပြင် ရေးချင်တာတွေကများနဲ့ ဘယ်ဟင်းကို စကိုင်လို့ ကိုင်ရမှန်းမသိဖြစ်နေတာ။ ဒါလေးကတော့ သားသတ်လွတ်ထွက်လာတဲ့သူများနဲ့ အသင့်စားနိုင်မယ့် လွယ်ကူမြန်ဆန်တဲ့ ကြာဇံကြော်ပါ။ လုပ်နည်းကလေးကို ရေးပေးလိုက်ပါတယ်။  

ပါဝင်ပစ္စည်းများ


  • ပဲကြာဇံ ၈၀ ဂရမ်
  • မှိုခြောက် အနည်းငယ်
  • ကြက်သား အနည်းငယ်
  • ပုဇွန် ၆ ကောင်
  • ကြက်သွန်နီဥသေး ၁လုံး
  • ကြက်သွန်ဖြူ ၂ မွှာ
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာ
  • ငရုပ်သီးအနီတောင့်ပွ ၁ ခု
  • မုန်လာဥနီအနည်းငယ်


ကြော်ချက်နည်း

  1. ပဲကြာဇံ၊ မှိုခြောက်များကို ရေစိမ်ထားပါ။
  2. ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊နီများကို ဆီသတ်ပါ။
  3. ပြီးရင် ကြက်သားထည့်ပြီး အရောင်ပြောင်းအောင်ကြော်ပါ။
  4. နောက်မှို၊ ငရုပ်သီး၊ မုန်လာဥနီ နဲ့ ပုဇွန်ထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ
  5. နောက်ဆုံးမှ ပဲပင်ပေါက် နဲ့ ပဲကြာဇံထည့်ပါ
  6. ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ သကြား လက်ဖက်ရည်၁ ဇွန်းနဲ့ ပဲငံပျာရည် အနောက် လက်ဖက်ရည်ဇွန်း ထက်ဝက်၊ ကြက်သားမှုန့် (သို့)အဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေကြော်ပေးပါ။ ရေ တရုပ်ပန်းကန်လုံး တစ်ဝက် ကိုလည်းထည့်ပေးပါ
  7. ချခါနီးမှကြက်သွန်မိတ်ဖြူးလိုက်ပါ
  8. ဒါဆိုရင်တော့ အရသာရှိသော ပဲကြာဇံ အသင့်ဖြစ်ပါပြီ။


8 comments:

Unknown said...

Love it so ! Look so yummy !

T T Sweet said...

တကယ်ကို စားချင်စဖွယ်ပါပဲ Evy ရေ။ တစ်ခါမှ လုပ်မစားဖူးဘူး။ လုပ်စားကြည့်ဦးမယ်။ ကျေးဇူး။

Cameron said...

ဟိုတနေ့ကပဲ အိမ်မှာ ကိုးရီးယားကလာတဲ့ ပဲကြာဇံတဲ့ ကြော်စားဖြစ်သေးတယ် သူက ရိုးရိုးပဲကြာဇံထက် အပင်ပိုကြီးတယ်...။ ညီမကြော်ထားတာပိုလှတယ် ဆွဲဆောင်မှုရှိတယ် အဲဒီနည်းအတိုင်း ကြော်စားကြည့်ဦးမယ်...။

Aunty Oo said...

စားချင်စဖွယ်ပါဘဲevyရေ။အရောင်ကလဲအစုံ မျက်စိ
ပသာဒဖြစ်မိပါရဲ.။

BabyAngle said...

ရှလွတ်... ကြော်စားအုံးမှာ....

Anonymous said...

I truly wanted to write down a quick remark to thank you for these pleasant secrets you are showing at this website. My time-consuming internet lookup has at the end been rewarded with really good know-how to go over with my contacts. I ‘d express that we readers actually are undoubtedly blessed to dwell in a fantastic community with many outstanding individuals with insightful concepts. I feel rather grateful to have used the web site and look forward to tons of more cool times reading here. Thank you once more for all the details.

Evy said...

Thank you so much all for sweet compliments :-)

Tuumar said...

့ပဲကြာဇံကြော်လေးက စားချင်စရာလေးနော်
အရမ်းကြိုက်တဲ့အစားလေးမို့ အားပေးသွားပါတယ် သမီးရေ