Tuesday, October 2, 2012

ပုဇွန်ကွေကာကြော်/ Cereal Prawn





ခုချက်ပြမယ့်ဟင်းလေးကတော့ စင်္ကာပူက စားသောက်ဆိုင်တော်တော်များများမှာရတဲ့ ပုဇွန်ဟင်းပါ။ ပုဇွန်ကို Cereal နဲ့ကြော်ထားတဲ့ဟင်းအသစ်ကလေးတစ်မျိုးပေါ့။ ထောပတ်ကိုသုံးပြီး ပျဉ်းတော်သိမ်ရွက်ကလေးတွေပါထည့် ကြော်ထားတာမို့ ထောပတ်နံ့သင်းသင်းနဲ့ အရသာတစ်မျိုးထူးပါတယ်။ Cereal လေးတွေကလည်း ချိုဆိမ့်ဆိမ့်နဲ့ စားလို့ကောင်းပါတယ်။ ဒါပေမယ့် ဆမ်းစားစရာ အနှစ်မပါတာမို့ ထမင်းနဲ့စားတာမျိုးထက် appetizer လိုမျိုးစားတာကပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ ပြင်ဆင်ရတာလဲ လွယ်ပြီးဟင်းစမ်းချက်ချင်တဲ့ သူငယ်ချင်းတွေနဲ့ စုပြီးလုပ်စားလို့ကောင်းတဲ့ ဟင်းတစ်မျိုးပေါ့။ ဟင်းအဆန်းချက်ချင်တဲ့ စာဖတ်သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ လုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ပုဇွန်တုပ် ၆ ကောင်
  • Cereal တရုပ်ထမင်းပန်းကန် ၁လုံးခွဲခန့်
  • ကြက်ဥ ၁ လုံး
  • ပျဉ်းတော်သိမ်ရွက် အနည်းငယ်
  • ထောပတ်

     

 
ပြုလုပ်နည်း
  • ပုဇွန်ကို အခွံမခွာပဲ ခေါင်းဖြတ်၊ ကျောခွဲပြီး သန့်စင်ပေးထားပါ
  • ကြက်ဥကိုခေါက်ပြီး ဆီများများနဲ့ ကြွပ်နေအောင် မွှေကြော်ပါ။ ၅ မိနစ်နီးပါးလောက်ကြာပါလိမ့်မယ်။ ကြက်ဥတွေကြွပ်လာရင် ဆယ်ထားပြီးဖယ်ထားလိုက်ပါ။
  • ထောပတ်စားပွဲဇွန်း ၂ ဇွန်းကို အပူပေးပြီး ပုဇွန်ကိုအရောင်ရဲလာအောင်ကြော်ပေးပြီး ဆယ်ထားပါ။
  • ထောပတ်စားပွဲဇွန်း ၄ ဇွန်းကိုအပူပေးပြီး ပျဉ်းတော်သိမ်များကိုကြော်ပေးပါ။
  • တဆက်ထည်းမှာလည်း cereal ထည့်ပြီး အဆက်မပြတ်မွှေပေးပါ။
  • သကြားလက်ဖက်ရည် ၃ ဇွန်း၊ အချိုမှုန့် အနည်းငယ်နဲ့ ဆားလက်ဖက်ရည် ၁ ဇွန်းကိုလည်း ထည့်မွှေပေးပါ။ ၂ မိနစ်လောက်နေရင် ကြော်ထားတဲ့ပုဇွန်ကြော် နဲ့ ကြက်ဥအကြွပ်ကြော်ကို ထည့်မွှေပေးပြီး ၁ မိနစ်လောက်နေရင် ချပြီး သုံးဆောင်ပါ။

6 comments:

Anonymous said...

ပာင်းလည်းလှ ပန်းကန်လည်းလှ နည်းလေးယူသွားပါတယ် သီတာ

Thamee Su said...

ကျေးဇူးတင်ပါတယ် မအိရေ စုသမီးလေးအတွက် နည်းအသစ်ရပြီ

BabyAngle said...

boat quay နားက ဆိုင်မှာစားဘူးတယ်.. အရမ်းကြိုက်တာပဲ.. နည်းလေးမှတ်သွားပါတယ်နော်..

mstint said...

ပုဇွန်ကွေကာကြော်နည်းလေး ယူသွားတယ် Evy ရေ။
ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

ကြော်နည်းလေးယူသွားတယ်နော်..ကျေးဇူးပါ..

Anonymous said...

it looks very delicious :P
yummy yummy :D

PPS :)