Sunday, October 21, 2012

ကိတ်မုန့်ကွတ်ကီး (Whoopie Pie)





ဒီတစ်ခါတော့ လွယ်ကူတဲ့ မုန့်လုပ်နည်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Whoopie Pie လို့ခေါ်တဲ့ ကိတ်မုန့်နဲ့ ကွတ်ကီးကြားထဲက မုန့်တစ်မျိုးပါ။ Whoopie Pie လုပ်နည်းပေါင်များစွာရှိတဲ့ထဲကမှ ကျွန်မကတော့ လုပ်ရတာပိုလွယ်တဲ့ မွှေစက်မသုံးရတဲ့ လုပ်နည်းကိုရွေးချယ်လိုက်ပါတယ်။ ခုနာက်ပိုင်းမှာ ခေတ်စားလာတဲ့မုန့်မျိုးထဲပါလာတယ်တယ်လို့ပြောလို့ရပါတယ်။ ဘာလို့ Whoopie Pie လို့ခေါ်တယ်ဆိုတာကတော့ ဘယ်သူမှအတိအကျမပြောတတ်ဘူးလို့ ဖတ်ဖူးပါတယ်။ ပါးစပ်ရာဇ၀င်တွေကတော့ အစုံပေါ့နော်။ ကွတ်ကီး ၂ခုကြားထဲ ခရင်မ် ထည့်ထားတာကတော့ Whoppie Pie ရဲ့ ထူးခြားချက်ပေါ့။ စိတ်ဝင်စားရင် စမ်းကြည့်ဖို့ လုပ်နည်းလေးရေးပေးလိုက်ပါတယ်။



ပါဝင်ပစ္စည်းများ
  • ဂျုံ ၁ ခွက်
  • သကြား - 1/2 cup
  • 1/2 tsp baking powder
  • 1/8 tsp baking soda
  • ဆားအနည်းငယ်
  • ဒိန်ချဉ် - 1/2 cup
  • ဆီ - 1/6 cup
  • ကြက်ဥ အကြီး၁ လုံး
  • ဗနီလာ အနံ့ လက်ဖက်ရည် ၁ ဇွန်း

  1. ပထမဆုံး အာဗင်ကို ၁၆၀ ဒီဂရီ အပူပေးထားလိုက်ပါ။
  2. ကလေးတွေနဲ့ အတူပါဝင်ပစ္စည်းများကို ချင်တွယ်ပါ။
  3. ပြီးရင် ဂျုံ Baking powder, soda, သကြားအားလုံးကိုရောမွှေထားလိုက်ပါ။
  4. နောက် ကြက်ဥ၊ ဒိန်ချဉ်၊ ဗနီလာအနံ့၊ ဆီကို ရောမွှေပါ။ ကလေးတွေကို မွှေခိုင်းပြီး သမအောင် ဘယ်လိုမွှေရမလဲဆိုတာပါ ပြပေးပါ။
  5. ပြီးရင် ခုနကဂျုံအရောကို လောင်းထည့်ပြီး သမအောင် အသာအယာမွှေပါ။
  6. အားလုံးပြီးသွားပြီဆိုရင်တော့ ဇွန်း တစ်ဇွန်းစာလောက် ဗန်းပေါ်မှာ ပုံပုံလေးဖြစ်အောင် ချပြီး မုန့်နှစ်တွေအားလုံးကုန်အောင်လုပ်ပေးပါ။ မုန့်နှစ်တစ်ခုနဲ့ တစ်ခုကြားမှာ ၁ လက်မနီးပါးတော့ အနဲဆုံးကွာပါစေ။
  7. ပြီးရင်တော့ အာဗင်မှာ၁၅မိနစ်ဖုတ်ပေးရင်ရပါပြီ
  8. အားလုံးအေးသွားမှ Nutella ယိုသုတ်ပြီး မုန့်၂ ခုထပ်ပေးပါ။
  9. ဒါဆိုရင်တော့ အရသာရှိတဲ့ Whoopie pie လေး အဆင်သင့်ဖြစ်ပါပြီ
 
 

7 comments:

Tuumar said...

စားချင်လိုက်တာ သမီးရေ

Anonymous said...

စားချင်စရာလေးး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

မွမွလေးလားကြွတ်ကြွတ်လေးလားဟင်။
မွမွလေးထင်တယ်။း)
ကောင်းမှာသေချာတယ်။
အိုင်အိုရာ

Unknown said...

စားချင်စရာကောင်းလိုက်တာ..အိရေ....မုန့် တွေအမျိုးမျိုးလုပ်တတ်တယ်.

Anonymous said...

Many thanks for writing valuable post regarding the subject. I am a fan of your site. Maintain the great work.

မမိုး said...

ဟင်းချက်နည်း ၊ မုံ့လုပ်နည်းလေးတွေ အလွယ်တကူ သေသေသပ်သပ် လေ့လာခွင့်ရလို့ ကျေးဇူးသိပ်ကို တင်ပါတယ်။ ထွက်တဲ့စာအုပ်လေးတွေလဲ ၀ယ်ချင်ပါတယ်။ ကိုယ်က အဝေးရောက်နေတော့ ဘယ်လို ၀ယ်ရမှန်းမသိလို့ အဆင်ပြေမဲ့ နည်းလေး ပြောပြပေးနိုင်ရင် ကောင်းမယ်နော်

Evy said...

မမိုးရေ ခုလောလောဆယ်တော့ FOOD Magazine မှာရေးနေပါတယ်။ တစ်လကို မုန့်လုပ်နည်း၊ ဟင်းချက်နည်း ၁၀ မျိုးလောက်ပါပါတယ်။ သူတို့က နိုင်ငံခြားကိုလဲ ပို့ပေးပါတယ်။ အသေးစိတ်ကိုတော့ foodmagazine.mm@gmail.com ကိုဆက်သွယ်မေးနိုင်ပါတယ်နော်။ ကိုယ်တိုင်သီးသန့်စာအုပ်ကတော့ ပြင်ဆင်တုန်းပါ။ ထွက်ရင် website မှာပြောပါမယ်