Saturday, November 10, 2012

ကြက်သွန်ကြော်၊ အာလူးကြော်




ကြက်သွန်ကြော်၊ အာလူးကြော်။ 
ပထမတော့ ရိုးရိုးကြက်သွန်ကြော်၊ အာလူးကြော်မို့လို့ မတင်တော့ဘူးလို့ နေတာ နောက်တော့ ကြက်သွန်ကြော်က အရမ်းစားကောင်းလို့လုပ်နည်းလေးရေးပြီး ပြန်ရှယ်လိုက်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ city hall ကဗမာဆိုင်တွေကရောင်းသလိုမျိုး ကြွပ်ကြွပ်ပွပွကြီးတွေနဲ့ စားလို့အရမ်းကိုကောင်းပါတယ်။ နောက်ဆို အိမ်မှာပဲ အမြဲကြော်စားဖို့ဆုံးဖြတ်လိုက်ပြီ :D :D

ကြက်သွန်ကြော်

သုံးတဲ့ ကြက်သွန်က ကြက်သွန်နီဥကြီးတွေကို သုံးထားပါတယ်။ သိတယ်မို့လား အခွံဝါ၀ါနဲ့ လေ။ အကြီးကြီးတွေနဲ့ တော်တော်ချိုပါတယ်။
  • ကြက်သွန်တွေကို မထူမပါးလေးတွေလှီး။ ရေဆေးပြီ။ ရေခြောက်အောင်စစ်ထားပါ။
  • ရွှေလိပ်ပြာအကြော်မှုန့် အထုပ် သုံးပုံ ၂ ပုံကို ကောက်ညှင်းမှုန့် လက်ဖက်ရည် ၂ ဇွန်း ချင်း၊ ဆား၊ ဆနွင်းနဲနဲထည့်ပြီး ခပ်ပျစ်ပျစ်လေးဖျော်ထားပါ (ကောက်ညှင်းမှုန့်ထည့်ခြင်းအားဖြင့် ပိုကြွပ်ပြီး ခဏလေးနဲ့ မပျော့ပါဘူး)
  • နောက်ပန်းကန်တစ်ခုမှာ ကျန်တဲ့ အကြော်မှုန့်ကိုထည့်၊ ကြက်သွန်နီတွေကို အဲဒီအကြော်မှုန့်နဲ့အရင်လူးပြီးမှ မုန့်နှစ်ထဲထည့်ပါ။ အဲလိုလုပ်ရင် မုန့်နှစ်ပိုကပ်ပါတယ်
  • ကြော်ရင် မုန့်နှစ်တွေ တအားကြီးသိပ်ပြီး အလယ်မှာလုံးမနေအောင် နဲနဲခါချပြီးမှ မီးနဲနဲမှာ ကြွပ်နေအောင်ကြော်ပါ။
 
အာလူးကြော်
 
အာလူးကြော်ကတော့ ဒေးဒရဲက သူငယ်ချင်းကြော်ပြတဲ့အတိုင်း အတုံးသေးသေးလေးတွေတုံးပြီး ခုနကမုန့်နှစ်ကိုပဲပြန်သုံးပြီး ကြော်ပါတယ်။ နေ့လယ်နေ့ခင်း လက်ဖက်ရည်သောက်ချိန်နဲ့ဆို အတော်ပါပဲ။ စိတ်ဝင်စားသူများ စမ်းကြည့်နိုင်ဖို့ပါ။

7 comments:

သက်ဝေ said...

ရိုးရိုးလေးနဲ့ စားလို့ကောင်းတဲ့ အကြော်လေးတွေ...
Presentation က လည်း စားချင်အောင် ဆွဲဆောင်တယ်....း)

Phyu Phyu said...

ကြက်သွန်ကြော် ကြော်နည်းလေး သေချာ မှတ်သွားပါတယ်..

mstint said...

ညဥ့်သန်းခေါင် ဘလော့အိမ်တွေလည် ဗိုက်ကဆာ ကြက်သွန်ကြော်နဲ့ အာလူးကြော်မြင်တော့ ပိုဆာလာတယ် Evy ရေး)စားချင်စရာလေး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

အကြော်ကတော့ ထမင်းကြမ်းလေးနဲ့လိုက်လွန်းလို့ အရမ်း ကြိုက်တယ်

ပိုးပိုးရဲ့ရိုက်ချက် said...

လှလှပပနဲ့ စားချင်စဖွယ်ပြင်ဆင်ထားတာလေးကိုက ချစ်စရာလေး

Unknown said...

My favorite ! Yummy !

Anonymous said...

Take this recipe :P
Thanks for sharing!

PPS :)