Saturday, February 2, 2013

ပဲပလာတာ နဲ့ ပဲကြီးနှပ်

ခုပို့စ်လေးကတော့ နိုင်ငံခြားမှာနေတဲ့သူများအတွက် ပိုပြီးအသုံးဝင်မယ်လို့ ထင်ပါတယ်။ အလွယ် ပဲပလာတာ လုပ်နည်းပေါ့။ တစ်ခါတစ်လေ မနက်စာပဲပလာတာ လေးစားလိုက်ရရင် ကောင်းမှာဆိုပြီး ခဏခဏ တောင့်တတတ်တဲ့ အိမ်ဦးနတ်ကြီးရဲ့ ဆန္ဒကြောင့် ဒီမုန့်လေးကို စမ်းလုပ်ကြည့်ပြီး အဆင်ပြေတာနဲ့ ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။ ဗမာပြည်က ပဲပလာတာ အစစ်နီးပါးလောက်ကို အရသာရှိပါတယ်။ ကြက်သွန်နီ ဆီချက်ကလေး ဆမ်းထားတာတဲ့ အနံ့ကတော့ တကယ့်ကို ပဲပလာတာ နံ့ပါပဲ။

ပလာတာ အတွက်  ဒီမှာအသင့်ရနိုင်တဲ့  ရယ်ဒီမိတ်ပလာတာလေးတွေကို  သုံးပါတယ်။ ပဲကတော့ ဗူးနဲ့လာတဲ့ ပဲလိပ်ပြာခေါ်မလား ( Butter bean) ကိုသုံးပါတယ်။ အသင့်ဆိုတော့ တကူးတက အခွံချွတ်နေစရာမလိုပဲ တစ်ခါတည်း  ရေခန်းချက်လိုက်ယုံပါပဲ။ ဒီမှာတော့ Cold Storage လိုဆိုင်မျိုးမှာ တွေ့ရလေ့ရှိတယ်။  Butter bean ဗူးကိုဖောက်ပြီး ပါတဲ့အရည်နဲ့ ပဲတွေကို သကြားစားပွဲဇွန်း ၁ ဇွန်း ၊ဆားလက်ဖက်ရည် ဇွန်းထက်ဝက်လောက်ထည့်ပြီး တည်ပါတယ်။ နူးပြီးသားဆိုတော့ ရေခမ်းအောင်တည်ရုံပဲ။ ရေခမ်းမှ ကြက်သွန်နီဆီချက်ကလေး ဆမ်းလိုက်ရင် အရမ်းမွှေးပြီး စားချင်စရာကောင်းလှပါတယ်။
ဒါကပဲနှပ်ပြီးသားပုံ

ပဲပလာတာ စပြီးလုပ်ဖို့အတွက် အသင့်သုံးပလာတာ တစ်ချပ်ကို မီးနဲနဲ နဲ့ကြော်ပါ။ ပဲမထည့်ခင့် မကြွပ်ပါစေနဲ့နော်။  တစ်ဖက်ကို ၁ မိနစ်လောက်ကြော်ပြီး ပဲကြီးနှပ်စားပွဲဇါန်း ၂ ဇွန်းလောက်ထည့်ကာ လိပ်ပေးပါ။ ပြီးမှ အဲလိုလိပ်ထားတဲ့ အတိုင်းလေး ကြွပ်နေအောင် ကြော်ပါ။ ပြီးသွားရင် ကတ်ကျေးနဲ့ ညှပ်ပေးပြီး ဆီချက်ကလေး ဆမ်းလိုက်ရင်မနက်စာအတွက် ပဲပလာတာလေး အသင့်ဖြစ်နေပါပြီ။
ဗမာပြည်က အစားအစာကို လွမ်းရင် လုပ်စားကြည့်ကြပေါ့နော်။

4 comments:

မိုးနတ်ကြယ်စင် said...

ဟုတ် ...ခုတောင် အနံ့လေးရတယ်မရေ..
မွှေးထှာ :)))

Aunty Tint said...

အိမ်ဦးနတ်ရဲ့ ဆန္ဒကြောင့် လုပ်ပေးတဲ့ ပဲပလာတာနဲ့ပဲကြီးနှပ် ဧည့်မြှောင်လုပ်ပြီး အားပေးသွားတယ် Evy ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Shinlay said...

မစားရတာကြာပြီ...ကျေးဇူးပါပဲ

Anonymous said...

ပဲကြီးကသပ်သပ်ရှိတယ် အရမ်းကောင်းတာ
အခုပဲနဲ့မတူဘူး