ဒီကြက်သားဟင်းကတော့
မှိုခြောက်နဲ့မို့လို့ အချိုဖြစ်မယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ငရုပ်သီး အစိမ်း၊အနီ
၊အခြောက် ၊ ငရုပ်ကောင်းများပါဝင်တာကြောင့် စပ်ပြီး အရသာထူးကဲသော ဟင်းတစ်ခွက်ပါ။ ချက်နည်းလဲ
လွယ်ကူပြီး ပါဝင်ပစ္စည်းများကလည်း ဗမာမီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေပဲ
သုံးထားတာပါ။
ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ ၃ ခု
2.   
မှိုခြောက်အနည်းငယ်
(လှီးထားပါ)
3.   
ကြက်သွန်မိတ်
၁ပင် (သေးသေးလှီးထားပါ)
4.   
ငရုပ်သီးစိမ်း
၃ တောင့် (သေးသေးလှီးထားပါ)
5.   
ငရုပ်သီးနီ
၃ တောင့် (သေးသေးလှီးထားပါ)
6.   
ငရုပ်သီးခြောက်
၃ တောင့် (သေးသေးလှီးထားပါ)
7.   
ငရုပ်ကောင်းစေ့
အနည်းငယ်
ဟင်းခပ်ပစ္စည်းများ
·        
တရုပ်ဟင်းချက်ဝိုင်
(စားပွဲဇွန်း ၁ ဇွန်း)
·        
ခရုဆီစားပွဲဇွန်း
၁ ဇွန်း
·        
သကြားလက်ဖက်ရည်
၁ ဇွန်း
·        
ဆားလက်ဖက်ရည်
၁ဇွန်း
·        
နှမ်းဆီလက်ဖက်ရည်
၁ ဇွန်း
·        
ကော်မှုန့်
အနည်းငယ် (လက်ဖက်ရည် ၁ဇွန်းခန့်)
ချက်ပြုတ်နည်း
- ဆီစားပွဲဇွန်း ၃ ဇွန်း နဲ့ နှမ်းဆီကိုရော အပူပေးပြီး ကြက်သားများကို ကြော်ပေးပါ။
 - အညိုရောင်နဲနဲသမ်းရင် ငရုပ်သီးအားလုံးနဲ့ ကြက်သွန်မိတ်ကိုထည့်ကြော်ပါ။
 - အနံ့မွှေးလာရင် မှိုခြောက်နဲ့ ငရုပ်ကောင်းကို ထည့်ကြော်ပေးပါ။ ကော်မှုန့်ကလွဲလို့ ကျန်တဲ့ ဟင်းခပ်ပစ္စည်းတွေကိုလည်း ထည့်ပေးပါ
 - ၂ မိနစ်လောက်နေရင် ကော်မှုန့်ကို ရေ တရုပ်ပန်းကန်လုံးတစ်လုံးနဲ့ ဖျော်ထည့်ပေးပြီး မီးနဲနဲနဲ့ မိနစ် ၂၀လောက်တည်ပေးပါ။
 - အရည်ပျစ်ပျစ်ကျန်ရင် မီးပေါ်မှချပြီး သုံးဆောင်ပါ။
 



2 comments:
စမ်းချက်ကြည့်မယ် မမ :D
တီတင့်နဲ့သားနှစ်ယောက်က အစပ်သိတ်မစားတော့ ငရုပ်သီးတွေလျှော့ထည့်ပြီး စမ်းချက်မယ် Evy ရေ။ နည်းလေးယူသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment