Tuesday, February 19, 2013

ပျားရည်ကြက်ကြော်





သရေစာအဖြစ်စားလို့ကောင်းတဲ့ ကြက်သားကြော်လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သား နှမ်းကပ်ကြော်ပါ။ ပျားရည်အရသာပါတာကြောင့် ချိုချိုလေးနဲ့ Appetizer သဘောမျိုးစားဖို့ ပိုပြီးသင့်တော်ပါတယ်။ ရေနွေးကြမ်းလေးနဲ့ ဆိုရင်တော့ စားလို့တော်တော်လိုက်ဖက်ပါတယ်။ လုပ်နည်းလေးလဲ မခက်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်

ပါဝင်ပစ္စည်များ
ကြက်သား ၂၀၀ ဂရမ်
ကြက်သားကိုနှပ်ဖို့သုံးတဲ့ ဆော့စ်
  • နှမ်းဆီ လက်ဖက်ရည် ၁ ဇွန်း
  • ၀ိုင် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် အနောက် လက်ဖက်ရည် ၁ ဇွန်း
  • ပဲငံပျာရည် အကြည် လက်ဖက်ရည် ၁ ဇွန်း
  • ငရုပ်ကောင်း
ကြက်သားနဲ့ဆမ်းစားရန်ဆော့စ်
  • ပျားရည်စားပွဲဇွန်း ၁ ဇွန်းခွဲ (အရမ်းအချိုမကြိုက်ရင် ၁ ဇွန်းပဲထည့်ပါ)
  • ရှာလကာရည် လက်ဖက်ရည် ၂ ဇွန်း
  • ကြက်သား လက်ဖက်ရည် ၁ဇွန်း
  • ပဲငံပျာရည်အနောက် လက်ဖက်ရည်၁ ဇွန်း

ပြင်ဆင်နည်း
  1. ကြက်သားများကို ကြက်သားနှပ်တဲ့ဆော့စ်နဲ့ နာရီဝက်ခန့်နှပ်ထားပေးပါ။
  2. အဲဒီနောက်မှာတော့ ပြောင်းဖူးမှုန့်လူးပြီး ဆီပူပူမှာကြောပြီးဆီစစ်ပေးပါ
  3. ကြက်သားနဲ့ဆမ်းစားဖို့ဆော့ကိုတော့ ပါဝင်ပစ္စည်းများအားလုံးရောမွှေပြီး ဒယ်အိုးတစ်ခုထဲမှာ ဆူအောင်တည်ပါ။
  4. ဆူလာပြီဆိုတာနဲ့ကြက်သားကို ထည့်ပေးပြီးသမအောင်မွှေပေးပါ။ နှမ်းဖြူးပြီးရင်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ

Ingredients
  • Boneless chicken 200grams (cut into pieces)
  • 1 tsp of sesame oil
  • 1 Tbsp of rice win
  • 1 tsp dark soy sauce
  • 1 tsp light soy sauce
  • a dash of pepper


Sauce
1 Tbsp of honey
2 tsp of rice vinegar
1tsp of seasoning powder
1 tsp of dark soy sauce 

Method
1. Marinate the chicken with the rest of ingredients for half an hour.
2. Then coat with corn flour and deep fry until golden brown.
3. Mix all the ingredients for sauce and cook on low heat.
4. Add in fried chicken once the sauce start to boil and cook for another 1 min.
5. Garnish with white sesame seeds and ready to serve.

7 comments:

Unknown said...

Look yammy. I am always your fan. But I don't leave a comment once. Everyday I check what is your new post in my mail. Thanks for your all recipe. I like all.

သီရိရတနာ said...

ဒေါ့ကွန်း လိပ်စာလေး ယူသွားတယ်နော် .. Evy ..
ပေါင်မုန့် .. tuna burn လုပ်နည်း အားရင် တင်ပေးအုံးနော် .. ကိုယ် အဲလို ပေါင်မုန့်မျိုး ကြိုက်တယ်။ စင်ကာပူ နှင့် ရန်ကုန် စီးတီးမတ် Season and bakery က ပေါင်မုန့်လိုမျိုးပဲ ..
ဒီက အရသာက တမျိုး ..
စင်ကာပူ၊ ထိုင်ဝမ်က ပေါင်မုန့် အရသာမျိုးကို ပိုကြိုက်တယ်။

ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေ .. Evy ...

Layeik said...

အဲလို sis evy သုံးတဲ့ အမျိုးအစားလေးတွေပါတွဲတင်ပေးလို့ ကျေးဇူးပါ . . ဆိုင်မှာ ရှာဝယ်ရတာ ပိုလွယ်သွားလို့လေ :)

Aunty Tint said...

ပျားရည်ကြက်ကြော်နည်းလေး ဖတ်ပြီး မှတ်သွားတယ် Evy ရေ။ တီးတိုင်းမ်းအတွက် အဆင်ပြေသွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

delia said...

Evy,
Can translate this recipe for me, please? tq.

Evy said...

Sure Delia, I will post it shortly

delia said...

Tqvm