Sunday, October 7, 2012

Almond ချောကလက်ကိတ်


ဒီကိတ်မုန့်လေးကို ၀ါကျွတ်ကန်တော့ဖို့ မုန့်တစ်မျိုးအနေနဲ့ FOOD Magazine မှာထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ဒီလို Almond Flakes လေးတွေနဲ့ မုန့်လုပ်တဲ့ပုံစံလေးတော့ FB က ညီမလေးတစ်ယောက်စီက ရခဲ့တာပါ။ မုန့်သားကတော့ ကိုယ့်ဘာသာစပ်ထားတဲ့ လုပ်နည်းလေးပါ။ ထောပတ်ကိတ်ဆိုပေမယ့်လို့ မုန့်သားပျော့ပျော့လေးနဲ့ တော်တော်စားလို့ကောင်းပါတယ်။



 ******************************************************************
ဒီမုန့်လေးကလည်း ၀ါကျွတ်ကန်တော့မယ်ဆိုရင် သင့်တော်တဲ့မုန့်လေးတစ်မျိုးပါဘဲ။ အချိုနည်းပြီး မုန့်သားက သိပ်ကိုနူးညံ့တဲ့အတွက် လူကြီးတွေနဲ့အထူးသင့်တော်ပါတယ်။ ခရင်မ်မပါပေမဲ့ မုန့်ကသူ့ဟာနဲ့သူကို အရသာရှိနေတာပါ။ အိမ်လုပ်မုန့်နဲ့ဆိုင်လုပ် ကွာခြားချက်ကတော့ လတ်ဆတ်မှုပါဘဲ။ လတ်လတ်ဆတ်ဆတ်မုန့်ကို စားရရင်တော်ရုံကိတ်မုန့်မကြိုက်သူတောင်မှ ကြိုက်သွားနိုင်ပါတယ်။ ဒါ့အပြင် လုပ်တဲ့သူကိုယ်တိုင်က ရောင်းတန်းလိုမဟုတ်ပဲ စေတနာ၊ မေတ္တာအပြည့်နဲ့ လူကြီးတွေကို ကန်တော့ဖို့ရည်ရွယ်ပြီးလုပ်တဲ့မုန့်ဆိုတော့ ပြောစရာမလိုအောင်ကောင်းသွားမှာပေါ့နော်။ ကိတ်မုန့်ပေါ်မှာလည်း Almond Flake လေးတွေဖြူးထားတော့ ချောကလက်ပေါ်မှာ အဖြူရောင်လေးတွေကြဲထားသလိုဖြစ်ပြီး အင်မတန်မှ မျက်နှာပန်းလှသော မုန့်လည်းဖြစ်ပါတယ်။
လုပ်နည်းလေးကြည့်ရအောင်

ပါဝင်ပစ္စည်းများ
  • ထောပတ် ၁၂၀ ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ဂျုံ ၁၀၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်းမောက်မောက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ၁ ဇွန်း
  • ကြက်ဥ ၂လုံး
  • နို့စိမ်း စားပွဲဇွန်း ၃ ဇွန်း



လုပ်နည်းအဆင့်ဆင့်
  1. ၆လက်မ အချင်းရှိမုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  3. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  4. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
  6. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၃၅ မိနစ် ဖုတ်ပေးပါ။
  7. အာဗင်မှထုတ်ပြီး အအေးခံပြီးရင် မုန့်လေးအဆင်သင့်ဖြစ်ပါပြီ။

    

19 comments:

Thamee Su said...

မအိရေ ဒီမုန့်လေးတော့ စုလိုက်လုပ်လို့ အဆင်ပြေကောင်းတယ်ထင်တယ်နော် ကျေးဇူးတင်ပါတယ် စမ်းကြည့်ဦးမယ်

Evy said...

စုရေ မုန့်ဖုတ်တဲ့ ခရီးစပြီလား။ အောင်မြင်ရင်တင်ဦးနော်။ အားပေးနေမယ်

Anonymous said...

မလုပ်တတ်ဘူးကွယ် မအိဆီမှာဘဲကပ်စားတော့မယ် သီတာ

Anonymous said...

How do we call Almond in Burmese?

Evy said...

မက်မွန်သီးရဲ့ အစေ့ကိုပြောတာပါ။ ဗမာလိုအတိအကျ ဘယ်လိုခေါ်လဲဆိုတာတော့ သေချာမသိပါဘူး။ သိတဲ့သူများ comment ချန်ခဲ့ပေးပါဦး

Candy said...

ညီမ တခါတလေ စဉ်းစားမိတယ် သိလား.. မမနဲ့အိမ်နီးနားချင်းဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ဟီးးးး... အနည်းဆုံးတော့ ကိတ်မုန့်လေး တစိတ်မြည်းရမှာ :P :P

mstint said...

ချောကလက်ကိတ်မုန့်လေးနဲ့ ဝါကျွတ်ကန်တော့ရမှာနဲ့ အံဝင်ဂွင်ကျပဲ Evy ရေ။ နည်းလေးယူသွားတယ် ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

BabyAngle said...

အမရေ... ဒီကိတ်ကို food magazine မှာတွေ့လို့ စမ်းလုပ်ကြည့်ပြီးပါပြီ... ညီမလုပ်တာ ဘာလိုသွားလည်းမသိဘူး ကိတ်က အပ်ါပိုင်းပဲပွပြီး အောက်ပိုင်းမှာ သိပ်သိပ်ကြီးဖြစ်နေတယ်အမ.. အရသာကတော့ ကောင်းတယ်အမ..
ဘာလိုလဲဆိုတာ ပြောပြပေးပါနော်အမ..

Anonymous said...

evy ရေ ညက voa နားထောင်ဖြစ်တယ် သီတာ

Evy said...

ဟယ် ဟုတ်လားမရေ။ ညီမကို ခုထိလင့်ခ်မပေးသလို ဘယ်နေ့လွှင့်မယ်ဆိုတာလဲ မပြောဘူး :-( .သတင်းပေးလို့ကျေးဇူးပါမရေ

Anonymous said...

ညက ၆ နာရီ သတင်းမှာevy ရေ အခုလည်းအသံလေးထပ်နားထောင်ဖြစ်တယ် ခင်မင်လျှက် သီတာ

Evy said...

ကျေးဇူးပါ မမသီတာရေ။ လင့်လေးရှိရင် ပေးပါလားဟင်

Evy said...

Candy ရေ မကလဲကျွေးချင်တယ်။ မုန့်ကူစားပေးမယ့်သူတွေလိုနေတယ်။ :D

ပို့စ်တိုင်းကို အမြဲမှတ်မှတ်ရရအားပေးလို့ ကျေးဇူးပါ တီတင့်ရေ

ညီမဘေဘီ။ အစ်မကိုဓာတ်ပုံပြလို့ရမလား။ အစ်မထင်တာတော့ ဂျုံမွှေတဲ့ အဆင့်မှာ တစ်ခုခုဖြစ်သလားလို့

Anonymous said...

www.voa burmese news.com ရေဒီယိုအစီအစဉ် ၇ရက်နေ့ ညနေ ၆ နာရီ ၇နာရီ သတင်းမှာပါ သီတာ

Evy said...

ကျေးဇူးအထူးမရေ။ သွားကြည့်လိုက်ဦးမယ် :D

BabyAngle said...

အမ mail နဲ့ပို့လိုက်မယ်လေ.. ဘယ်mail ကို ပို့ရမလဲအမ...

Evy said...

evyfoodlover@gmail.com ကိုပို့လဲရတယ်။ 'ဒါမှမဟုတ် FB မှာလာတင်လိုက်လဲရတယ် ညီမရေ

မီးမီးငယ် said...

မEvy ရေ..
အသံလွှင့်ပြီးသွားရင်ချက်ချင်း ပြန်ရှာလို့ ရတော့ဘူး။
နောက်တပတ်ကျမှ
http://burmese.voanews.com/archive/blogger/latest/2514/2516.html
အဲဒီထိပ်မှာပြန်တွေ့ ရတယ်။
အဟဲ...ကျမတော့ခပ်တုံးတုံးဆိုတော့၊
ဂလိုဘဲနားလည်လိုက်တယ် :D

Theingi said...

မမရေဒီမုန့်ဖုတ်ရင် ဗန်းမှာPaperခင်းဖို့မလိုဘူးပေါ့နော် မခင်းရင်မုန့်ကိုဘယ်လိုထုတ်ရလဲမမ