Sunday, March 10, 2013

ကြက်သားမျှင်ပေါင်မုန့်လိပ်




ဒီတစ်ခါတော့ ကျွန်မတို့ မိသားစု အကြိုက်ဆုံးမုန့်တစ်မျိုးကို လုပ်ပြချင်ပါတယ်။ ပေါင်မုန့်တော့ ပေါင်မုန့်ပါပဲ။ ဒါပမယ့့် အရသာက တော့မတူပဲ တမူထူးခြားလှပါတယ်။ ကြက်သွန်မိတ်နံ့ သင်းသင်းလေးနဲ့ အနံ့ကတင် စားချင်စဖွယ်ပါ။ အရင်ပေါင်မုန့်သေချာမလုပ်တတ်တုန်းကတော့ ဒါမျိုးပေါင်မုန့်လေးတွေကို ဆိုင်ကပဲ ၀ယ်စားရတာပါ။ ကိုယ်တိုင်လုပ်တတ်သွားတော့လည်း ဆိုင်ကို အားကိုးစရာ မလို့တော့ဘူးပေါ့။ အိမ်လုပ်ပေါင်မုန့်တွေရဲ့ အားသာချက်ကလတ်လတ်ဆတ်ဆတ်စားရတဲ့အပြင် ကိုယ်စိတ်ကြိုက် ထည့်ချင်တာထည့်လုပ်လို့ ရတာပါပဲ။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၄ခုစာ)
  • ကြက်သွန်မိတ် ၁ ပင် (သေးသေးလှီး)
  • နှမ်းအနည်းငယ်
  • ကြက်သားမျှင်
  • မရိုးနိစ်

အစု (၁)
·         ပေါင်မုန့်ဂျုံ ၁၁၅ ဂရမ်
·         Yeast ၂.၅ ဂရမ်
·         ရေ ၈၅ မီလီလီတာ

အစု (၂)
·         ကြက်ဥ ၁၀ ဂရမ် (ခေါက်ပြီးသား)
·         သကြား ၃၀ ဂရမ်
·         ဆား ပါရုံမျှ
·         ရေအေး ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်နော်)
·         Yeast  ၁.၂၅ ဂရမ်

အစု (၃)
·         ထောပတ် ၁၅ ဂရမ် (အခန်းအပူချိန်)
·         ပေါင်မုန့်ဂျုံ ၅၀ ဂရမ်



မုန့်လုပ်နည်း

  1. ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ

  1. နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
  2. နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
  3. ၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
  4. အဲဒီနောက်မှာတော့ ဂျုံသားကို ဒလိမ့်တုံးနဲ့ လှိမ့်ပြီး ဖြစ်စေ လက်နဲ့ဖြစ်စေ ပါးပါးပြားပြားလေး ဖြစ်အောင်လုပ်ပေးပြီး ဆီသုတ်ထားတဲ့ မုန့်ဖုတ်မယ့် ဗန်းထဲကို ထည့်ပေးပါ။
  5. ပွလာအောင် မိနစ် ၄၀ထားပေးပါ။ မိနစ် ၄၀ လောက်ရောက်ပြီဆိုရင် ပေါင်မုန့်ရဲ့ မျက်နှာပြင် အနှံ့ကို ခက်ရင်းနဲ့ အသာအယာထိုးပေးပါ။
  6. နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ကြက်သွန်မိတ်နဲ့ နှမ်းများဖြူးကာ ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကျက်တာနဲ့ ဗန်းထဲက ချက်ခြင်းထုတ်ကာ အအေးခံပါ။


  1. မုန့်လုံးဝအေးသွားပြီဆိုရင် အတွင်းမျက်နှာပြင်မှာ မရိုးနိစ်သုတ်၊ ကြက်သားမျှင်ဖြူးကာ အသာအယာလိပ်ပေးပါ။ (လိပ်ရခက်ရင် သွားကြားထိုးတံလေးနဲ့ ထိုးပြီး ထိန်းပေးနိုင်ပါတယ်)
  2. လိပ်ထားတဲ့ ပုံစံဝင်အောင် စက္ကူနဲ့ ပတ်ပြီး နောက် နာရီဝက်ခန့်ထားပေးပါ။
  3. နာရီဝက်ကြာရင် စက္ကူကိုဖြေလို့ရပါပြီ။ ၄ ပိုင်းအညီအမျှပိုင်းပြီး တစ်ဖက်တစ်ချက် မျက်နှာပြင်ကို မရိုးနိစ်သုတ်ကာ ကြက်သားမျှင်ထပ်ကပ်ပေးလိုက်ရင်တော့ အနံ့အရသာ အပြည့်ရှိတဲ့ မုန့်လေး လက်ဖက်ရည်ချိန်အတွက် အသင့်ဖြစ်နေပါပြီ

 Assembly method adapted from HHB

9 comments:

Aunty Oo said...

ပေါင်မုန်.လေးကစားချင်စရာ၊ကြိုက်တယ်။ကြိုးစားကြည့်
မယ်။ဂရမ်အတိအကျချိန်တဲ့ဇွန်းတော့မရှိဘူး။ဘယ်မှာဝယ်
ရမလဲပြောပြပါနော်။သင်တန်းဖွင့်ရင်တော့အသက်အကြီး
ဆုံးသင်တန်းသူဖြစ်မှာသေချာတယ်။

Evy said...

အန်တီဦးရေ။ NTUC မှာရှိပါတယ်။ Daiso မှာလည်းရောင်းတယ်

Shinlay said...

လုပ်ကြည့်မယ်။ကျေးဇူးနော်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်မလုပ်တတ်တော့ ဝယ်ဘဲစားနေရတယ်
မုန့်ဖုတ်ဦးမယ်ဆိုတာလည်း တစ်ခါမှ လက်တွေ့ဖြစ်မလာသေးဘူး ဟိဟိ
သူများလုပ်ထားတာလေးတွေဘဲ သွားရည်လာလာကျနေရတယ်။
Evy မုန့်က ဆိုင်ကလက်ရာထက်တောင် ကောင်းမဲ့ပုံဘဲ

Ma Wai said...

I want to ask you one thing? When you put in group 1 mixture?

Evy said...

Hello, Group1 doesn't need to use mixer. Just hand mix will do.

Ma Wai said...

What I mean is Group 1 combined after group 2 & 3 mix together. Is it?

Evy said...

Hi Ma Wai, Mix group 1 first and leave it aside for 1.5 hrs.

After 1.5hrs later, add in group 2& 3 into the group1 that we've mixed earlier.

Unknown said...

ရန်ကုန်မှာကျတော့ roll bread ကို သပ်သပ်ဖုတ်ပြီး cover အနေနဲ့ ကြက်ဥနဲ့ တခြားအရာတွေကိုပါ အပြားလိုက် ဖုတ်တယ်အမ ပြီးမှ အဲဒီနှစ်ခုကို mayonnaise နဲ့ သုတ်ပြီး ပြန်လိပ်တာ ဘေးကိုတော့ chicken floss လေး ကပ်ပေးတယ် (season bakery က ရောင်းတဲ့အတိုင်း သင်ပေးတာ အမ .. အရမ်းစားကောင်းတယ်)