Monday, March 25, 2013

ခရမ်းသီးကြက်သားပေါင်း




ပုံမှန် ခရမ်းသီးချက်နည်း တွေနဲ့ မတူတဲ့တရုပ်ဟင်းအဆန်းတစ်ခွက်ပါ။ ခရမ်းသီးကို အသားတွေခြစ်ထုတ်ပြီး ကြက်သားများနဲ့ အစာပြန်သွပ်ထားတဲ့ ဟင်းတစ်ခွက်ဖြစ်ပြီး အရသာရှိလှပါတယ်။ တရုပ်အစားအစာ အသစ်အဆန်းများကို လုပ်စားကြည့်ချင်သူတွေ အကြိုက်တွေ့မယ့် ဟင်းတစ်မယ်ဆိုတာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ
  • ခရမ်းသီး တစ်လုံး
  • ကြက်သား (သို့) ၀က်သား လက်တစ်ဆုပ်စာ (နုပ်နုပ်စဉ်း)
  • ကြက်သွန်ဖြူ ၃ မွှာ (နုပ်နုပ်စဉ်း)
  • နှမ်းဖြူအနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆော့စ်အတွက်
  • ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ပဲငံပျာရည် အနောက်စားပွဲဇွန်းတစ်ဇွန်း

ချက်နည်း
  • ပထမဆုံး ခရမ်းသီးကို ၂ ခြမ်းခြမ်းလိုက်ပြီး အလယ်ကအသားများကို ဇွန်းဖြင့် ခြစ်ထုတ်ပေးပါ
  • ကြက်သား (သို့) ၀က်သား၊ ခရမ်းသီးအသား၊ ကြက်သွန်ဖြူနဲ့ ဆားများကိုရောနယ်ပြီး ပုံပါအတိုင်းခရမ်းသီးထဲကို အစာသွပ်ပေးပါ


  • ထို့နောက်အစာသွပ်ထားတဲ့ မျက်နှာပြင်ကို နှမ်းနဲ့ ကပ်ပြီး ဆီပူပူမှာ ရွှေညိုရောင်သမ်းအောင် ကြော်ပါ
  • နောက်ပန်းကန်တစ်ခုထဲမှာ ခရမ်းသီးများကို စီထည့်ပြီး ဆော့စ်ဆမ်းကာ၊ နှစ်သက်ရာ အသီးအနှံများကို ထည့်က ၁၀မိနစ်ခန့်ပေါင်းပါ။


  • ဒါဆိုရင်တော့ အရသာရှိလှတဲ့ ခရမ်းသီးပေါင်းအဆင်သင့်ဖြစ်ပါပြီ။

2 comments:

Aunty Tint said...

ဘာချက်ရကောင်းမလဲလို့ စဉ်းစားနေတဲ့အချိန် အတော်များများမှာ Evy ရဲ့ ဘလော့လေးကနေ အကူအညီတွေအများကြီးရခဲ့တယ် ဒီကနေ့လည်း အထူးအဆန်း နည်းလေးရသွားပြန်ပြီ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ချက်နည်းလေ့း လာရောက်ကြည်ခဲ့တယ်