Wednesday, March 6, 2013

Brownies Cookies





ခုတစ်ခါလုပ်ပြထားတာကတော့ Brownies Cookie ပါ။ ဟိုတုန်းက Brownies လုပ်နည်းကိုရေးခဲ့ဖူးတယ်နော်။ အဲဒါကတော့ ရိုးရိုး Brownies ပေါ့။ ခုတစ်ခါတော့ Cookie လိုလုပ်ပြထားထားတာ။ ချောကလက်နှစ်သက်သူများ သဘောကျကြမယ့် မုန့်တစ်ခုပါပဲ။

ပါဝင်ပစ္စည်းများ
  • ချောကလက် ( Semi Sweet)  ၁၅၀ ဂရမ်
  • နေကြာဆီ ၁၂၀ ဂရမ် 
  • သကြား ၁၈၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ ၆၅ ဂရမ်
  • Baking Powder  လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
  • ကိုကိုးအမှုန့် ၆၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ လက်ဖက်ရည် ၁ ဇွန်း


မုန့်ဖုတ်နည်းအဆင့်ဆင့်
  1. ပထမဆုံး ချောကလက်နဲ့ ဆီနဲ့ ရောပြီး အရည်ပျော်အောင်ကျိုပြီး အအေးခံထားပါ ။(အဲဒီချောကလက်ကို အရည်ပျော်အောင်လုပ်တဲ့နေရာမှာ ရေနွေးငွေ့သုံးပါတယ်။ အရွယ်တော်အိုးလေးတစ်ခုကို ရေထက်ဝက်လောက်ထည့်ပြီး အဲဒီအပေါ်မှာမှ ချောကလက်၊ဆီထည့်ထားတဲ့ ခွက်ကိုတင်ပါ။ ဘာလို့လဲဆိုတော့ မီးအပူနဲ့တိုက်ရိုက်ထိတဲ့ ချောကလက်တွေဟာ ခါးသက်ပြီးတူးသွားတတ်လို့ မီးအပူဟာ ချောကလက်ရဲ့ရန်သူလို့တောင် ပြောလို့ရပါတယ် )
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့်ကို ဇကာချထားပါ။
  3. ကြက်ဥ၊ ဗနီလာ နဲ့ သကြားကို ပွလာအောင် စက်နဲ့ ခေါက်ပေးပါ။ Ribbon like stage ဖြစ်ရပါမယ်။ အဲလိုဖြစ်ဖို့ ၅ မိနစ်လောက်တော့ကြာပါလိမ့်မယ်။ အဲလိုဖြစ်လာပြီဆိုရင်  ချောကလက်-ထောပတ်အရည်ကို အသာအယာ ထည့်မွှေပေးပါ။
  4. နောက်ဆုံးမှ ဂျုံအရောကို ထည့်မွှေပေးပါ
  5. မုန့်သားရပြီဆိုရင် မုန့်ဖုတ်မယ့် ဗန်းမှာပုံပါအတိုင်း မုန့်နှစ်လေးတွေကို ၁ လက်မအကွာလောက်စီ ချပေးပါ။
  6. ပြီးရင် ၁၇၀ ဒီဂရီမှာ ၁၇ မိနစ်လောက်ဖုတ်ပေးပါ။ အအေးခံပြီးရင်တော့ အရသာရှိလှတဲ့ Brownies cookie လေးတွေအသင့်ဖြစ်နေပါပြီ။

1 comment:

Aunty Tint said...

Brownies Cookies လုပ်နည်းလေး မှတ်သွားပြီ Evy ရေ... စားချင်စဖွယ် ကွတ်ကီးလေးတွေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်