ကျွန်မတို့အိမ်မှာ
ချိစ်ကိတ်ဆိုရင်လုပ်စားခဲပါတယ်။ ခရင်မ်ချိစ်တွေအများကြီးပါတာကို တွေ့ပြီး လန့်တာနဲ့
သိပ်မစားကြတာပါ။ အဲဒါနဲ့ ပမာဏသေးသေးလေးတွေလုပ်ပြီး စားတော့မှအဆင်ပြေသွားတော့တယ်။ ဒါတောင်မှ
၎ ရက်လောက်စားယူရပါတယ်။ ကျွန်မသုံးတဲ့ ခွက်အသေးလေးတွေနဲ့ ၃ ခွက်စာလောက်ထွက်ပါတယ်။ ၃
လက်မအရွယ်ဘဲဥပုံလေးတွေပေါ့။ ၈လက်မဗန်းနဲ့ဆိုရင်တော့ လုပ်နည်းကို ၄ ဆတိုးရင် အဆင်ပြေပါ့လိမ့်မယ်။
ဒီတစ်ခါတော့ အာဗင်သုံးစရာမလိုဘူး။
အေးခဲတဲ့ cheese cake ဆိုတော့ ဒီတိုင်းလိုက်လုပ်ကြည့်ချင်သူများလဲ အဆင်ပြေမယ်ထင်ပါတယ်
အောက်ခံbaseအတွက်
- Digestive biscuit ၄၀ ဂရမ်
- ထောပတ် ၂၀ ဂရမ်
ဘီစကစ်တွေကို အမှုန့်ခြေပြီး
ထောပတ်ရည်နဲ့ ရောပေးပါ။ ပြီးရင် မုန့်ဖုတ်မယ့်ဗန်းအခြေထဲကို ဖိသိပ်ပေးပါ။ နောက်ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထားပေးပါ။ သုံးတဲ့ဗန်းက
အခြေကို ဖြုတ်လို့ရတဲ့ ဗန်းမှ အဆင်ပြေမှာါ။
မုန့်သားအတွက်
မုန့်သားအတွက်
- ခရင်မ်ချိစ် ၆၀ ဂရမ်
- ၁၅ ဂရမ် icing sugar
- ပျားရည်လက်ဖက်ရည် ၁ဇွန်း
- နွားနို့၁၅ ဂရမ်
- ဗနီလာအနံ့ ၁စက်ခန့်
- Oreo cookie ၃ခုခန့် (ခြေထားပါ)
- Whipping cream ၆၅ ဂရမ်
- Gelatin powder လက်ဖက်ရည်ဇွန်း ၁ ဇွန်းလျောလျော့ နဲ့ ရေ စားပွဲဇွန်း ၁ ဇွန်း (ရောပြီး မိုကခရိုဝေ့ဖ်မှာ အပူပေးထားပါ)
ပြင်ဆင်နည်း
- ပထဆုံး ခရင်မ်ချိစ်နဲ့ သကြားကို သမအောင်ရောမွှေလိုက်ပါ
- နွားနို့ကိုရောပြီး သမအောင်ထပ်မွှေပါ
- အပူပေးပြီးသား Gelatin powder နဲ့ရေ အရောကို ထည့်မွှေပေးပါ
- Whip cream ကို whip လုပ်ပြီး မုန့်နှစ်ထဲရောထည့်ပါ
- ရလာတဲ့မုန့်သားကို ၂ ခွက်ခွဲလိုက်ပါ
- ပထမတစ်ခွက်ထဲကို ပျားရည်နဲ့ ဗနီလာထည့်ပြီး နောက်တစ်ခွက်ထဲကို ခြေထားပြီးသား Oreo လေးတွေထည့်ပါ
- ဒါဆိုရင်တော့ ချိစ်ကိတ်ကို စပြီးပြင်ဆင်လို့ရပါပြီ
- ခုနကအသင့်ပြင်ထားတဲ့ခွက်လေးတွေထဲ ကို ရိုးရိုးမုန့်နှစ်ကို တစ်ဝက်ထည့်ပေးပါ။ နောက်မှ oreo မုန့်နှစ်အပေါ်ကလောင်းပြီးမျက်နှာပြင် ညှိပါ။ နောက်ဆုံးမှ Oreo မှုန့်လေးတွေ ထပ်ဖြူးပါ
- ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်ထည့်ပြီးရင်တော့ အရသာရှိတဲ့ Oreo cheese cake လေးတွေ အသင့်ဖြစ်နေပါပြီ
1 comment:
ချိစ်ကိတ်အသေးလေးတွေ လုပ်နည်းလေ့လာ မှတ်သားသွားတယ် Evy ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment